Google က ထုတ်လုပ်ထားတဲ့ NotebookLM နဲ့ Audio Overview ခေါ် ဉာဏ်ရည်တု Podcast ဖန်တီးပေးနိုင်တဲ့ feature က ၂၀၂၄ ခုနှစ်ထဲ အတော်လေး ရေပန်းစားခဲ့ပါတယ်။

NotebookLM ဆိုတာ အသုံးပြုသူကနေ သူ့ဆီရှိတဲ့ ရင်းမြစ်အချက်အလက်တွေကို ပံ့ပိုးပေးရပြီး အဲဒီအချက်အလက်တွေကို အခြေခံပြီးမှ တစ်ဆင့် သုတေသနနည်းကျ ခွဲခြမ်းစိတ်ဖြာပေးတဲ့ AI Research နည်းပညာပါ။ Google က ထုတ်လုပ်ထားတာ ဖြစ်ပြီး အဲဒီ tool က ကိုယ်ပေးလိုက်တဲ့ အချက်အလက်တွေကို အတိုချုံးတာ၊ ရှုပ်ထွေးနေတာတွေကို ရှင်းပြတာနဲ့ အကိုးအကားနဲ့တကွ စနစ်တကျပြန်လည်ဖြေကြားပေးနိုင်စွမ်း ရှိပါတယ်။

နောက် ထူးခြားတာ တစ်ခုက AI Podcast တွေ ဖန်တီးနိုင်တာပါ။ Audio Overview လို့ ခေါ်တဲ့ ဒီ feature မှာဆိုရင် ကိုယ်ထည့်ပေးလိုက်တဲ့ အကြောင်းအရာတွေနဲ့ ကိုယ်ပြောစေချင်တဲ့ ခေါင်းစဉ်တွေပေါ် မူတည်ပြီး အင်္ဂလိပ်ဘာသာစကားနဲ့ လူနှစ်ယောက် အပြန်အလှန်ပြောနေတဲ့ Podcast ပုံစံ အသံဖိုင်တွေ ပြုလုပ်နိုင်ပါတယ်။

အခုတော့ နောက်ဆုံးပြုလုပ်ထားတဲ့ update မှာ အဲဒီ podcast တွေထဲကို အသုံးပြုသူက ကိုယ်တိုင်ဝင်ရောက်ပြီး မေးခွန်းမေးမြန်းတာ၊ ဝင်ရောက်ဆွေးနွေးတာတွေ ဆောင်ရွက်နိုင်ပြီလို့ သိရပါတယ်။ Host နှစ်ဦးက ပုံမှန်အတိုင်း ပြောနေမှာ ဖြစ်ပြီး နားထောင်နေချိန်မှာ 'Join' ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် Host က ပြောဖို့ ခေါ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ မေးခွန်းဝင်မေးနိုင်ပြီး Host ကနေမှ ကိုယ်ပေးထားတဲ့ ရင်းမြစ်တွေအပေါ် လိုက်ပြီး တစ်သီးပုဂ္ဂလအဖြေတွေ ပြန်ပေးနိုင်တယ် ပြောပါတယ်။ အဖြေဖြေပြီးရင်တော့ ပုံမှန်အတိုင်း ပြောလက်စအကြောင်းအရာကို သဘာဝကျကျ ဆက်ပြောနေပါလိမ့်မယ်။

ဒီလိုမျိုး NotebookLM နဲ့ စကားပြောရင်း သိချင်တာတွေ မေးနိုင်တာက ဒစ်ဂျစ်တယ်သင်ကြားသင်ယူမှုဝန်းကျင်မှာ အကျိုးအများကြီး ရှိလာနိုင်တယ် ဆိုပါတယ်။ နမူနာ၊ ကျောင်းသားတစ်ယောက်က သင်ခန်းစာတွေနဲ့ ပတ်သက်လို့ နားမလည်ရင် ဒီသင်ခန်းစာတွေကို ဖိုင်အလိုက် တင်ပြီး ရှင်းပြခိုင်းလို့ ရပါတယ်။ အလားတူ၊ အသံနဲ့ ရှင်းပြတာ နားထောင်ချင်တယ်ဆိုရင်လဲ Audio Overview ကို သုံးနိုင်သလို နားထောင်နေရင်း မရှင်းတာရှိရင်လဲ တစ်ခါတည်း မေးမြန်းနိုင်ပါလိမ့်မယ်။

References: Peters, J. (2024, December 13). Google’s NotebookLM AI podcasts add ‘interactive’ mode for some Q-and-A. The Verge. https://www.theverge.com/2024/12/13/24318099/google-notebooklm-audio-overviews-talk-plus

ဆက်စပ်ဖတ်ရှုဖို့

Google DeepMind နဲ့ Apptronik တို့ ပေါင်းပြီး ဉာဏ်ရည်တု လူသားစက်ရုပ်တွေ ထုတ်မယ်
လူသားဆန်ဆန် စက်ရုပ်တွေရဲ့ အကြောင်းနဲ့ ပြည့်နှက်ခဲ့တဲ့ ၂၀၂၄ ခုနှစ် အဆုံးသတ်မှာလဲ နောက်ထပ်စိတ်ဝင်စားစရာ သတင်းတစ်ခု ရှိနေပြန်ပါတယ်။ ဉာဏ်ရည်တုနည်းပညာမှာ ထိ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!