အီလွန်မက်စ်ခ်ရဲ့ xAI ကုမ္ပဏီက Grok-3 ချက်ဘော့မော်ဒယ်သစ်ကို စ,မိတ်ဆက်လိုက်ပါတယ်။ ဒီချက်ဘော့က X (ယခင် Twitter) နဲ့ အရင်မော်ဒယ်တွေလိုပဲ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပြီး DeepSeek, OpenAI နဲ့ Google တို့လို AI ကုမ္ပဏီကြီးတွေ အပြိုင်အဆိုင်ဖြစ်နေချိန် ထွက်လာလို့ စိတ်ဝင်စားမှု ရနေတာပါ။

လက်ရှိ Grok မော်ဒယ်သစ်ကို X Premium+ အသုံးပြုသူတွေက ချက်ချင်းရနိုင်မှာဖြစ်ပြီး SuperGrok လို့ ခေါ်တဲ့ မော်ဒယ်ကွဲတစ်ခုကိုလဲ နောက်ထပ် ထပ်ဆောင်းကြေးပေးပြီး အသုံးပြုနိုင်ပြီလို့ ဆိုပါတယ်။ Grok-3 က စာရေးတာ၊ ပုံဆွဲတာလို အခြေခံတွေကိုပါ အရင်မော်ဒယ်တွေထက် ပိုကောင်းကောင်း လုပ်လာနိုင်ပြီး တခြားချက်ဘော့တွေလို ကန့်သတ်ချက်တွေ မရှိလို့ နိုင်ငံရေးပုဂ္ဂိုလ်တွေ၊ အထိအခိုက်မခံတဲ့ အရေးအခင်းတွေနဲ့ DeepFake တွေကိုပါ ဆောင်ရွက်နိုင်တာပါ။

မက်စ်ခ်ကတော့ ဒီဗားရှင်းအသစ်ဟာ အရင် Grok-2 ထက် ၁၀ ဆ ပိုကောင်းပြီး AI အရည်အသွေးစမ်းသပ်ချက်တွေကိုလဲ အောင်အောင်မြင်မြင် ဖြတ်ကျော်ထားနိုင်တယ် ဆိုပါတယ်။ အီလွန်မက်စ်ခ်ဘက်ကတော့ Grok က အမှန်တရားတို့ စုဝေးရာနေရာအဖြစ် တင်စားပြောထားတာပါ။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

Grok-3 မှာ ရှုပ်ထွေးတဲ့ သုတေသနလုပ်ငန်းတွေအတွက် "Big Brain" Mode ကို အသုံးပြုထားသလို DeepSearch လို့ခေါ်တဲ့ ရှာဖွေရေးစနစ်သစ်တစ်ခုကိုလဲ ထည့်သွင်းထားပါတယ်။ ဒီစနစ်ဟာ အရင်ကလို ရိုးရိုးရှာဖွေတာမဟုတ်ဘဲ စဉ်းစားတွေးခေါ်မှုပုံစံနဲ့ အဖြေပေးနိုင်မဲ့ စနစ်ပါ။ သုတေသန၊ အိုင်ဒီယာထုတ်တာနဲ့ အချက်အလက်ခွဲခြမ်းစိတ်ဖြာတာတွေအတွက် အထူးအသုံးဝင်မယ် ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ဝန်းကျင်ကလဲ OpenAI က ChatGPT အတွက် အင်တာနက်ပေါ်က အချက်အလက်တွေကို လူလိုပဲ သုတေသနပြုလုပ်နိုင်တဲ့ နည်းပညာသစ်ကို ထုတ်ပြန်ထားပြီး Google ကလဲ Gemini မှာ အလားတူ လုပ်ဆောင်ချက်တွေ ထည့်သွင်းလာနေပါပြီ။

Reference: Reporter, G. S. (2025, February 19). Elon Musk’s startup rolls out new Grok-3 chatbot as AI competition intensifies. The Guardian. https://www.theguardian.com/technology/2025/feb/18/elon-musk-grok-3-ai-chatbot

ဆက်လက်ဖတ်ရှုဖို့

OpenAI ကို လေလံတင်ဝယ်ဖို့ လုပ်နေတဲ့ အီလွန်မက်စ်ခ်
အီလွန်မတ်စ် ဦးဆောင်တဲ့ ရင်းနှီးမြှုပ်နှံသူအဖွဲ့က ChatGPT ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ OpenAI ကို ဒေါ်လာ ၉၀ ဘီလီယံကျော်နဲ့ လက်လွှဲယူဖို့ ကမ်းလှမ်းလိုက်ပြီလို့ Wall Street Journal

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!