တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပတဲ့ Yizhuang မာရသွန်ပြိုင်ပွဲမှာ စက်ရုပ် ၂၁ ရုပ်ဟာ လူသားထောင်ချီနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ခြေထောက်နှစ်ဖက်သုံးစက်ရုပ်တွေ လူတွေနဲ့အတူ ကီလိုမီတာ ၂၀ ကျော်ကို ပြေးပွဲဝင်တဲ့ ကမ္ဘာ့ပထမဆုံး မာရသွန်ဖြစ်ခဲ့ပါတယ်။

ပေကျင်း E-Town မာရသွန်ပြိုင်ပွဲဟာ ပေကျင်းရဲ့ စီးပွားရေး-နည်းပညာဖွံ့ဖြိုးရေးဇုန်ကို ဖြတ်ပြီး ပြေးရတဲ့ ၂၁ ကီလိုမီတာ ပြေးလမ်းပါ။ အဲဒီပြေးလမ်းမှာ လူနဲ့စက်ရုပ်တွေကို သီးသန့်လိုင်းတွေနဲ့ အတားအဆီးတွေ ထပ်ခွဲခြားထားပြီး အတူတူယှဉ်ပြေးစေခဲ့တာလို့ သိရပါတယ်။ စက်ရုပ်တွေအတွက် ဘက်ထရီလဲဖို့နဲ့ နည်းပညာအကူအညီပေးနိုင်ဖို့တော့ စခန်း ၇ ခုကို လမ်းကြောင်းတစ်လျှောက် ထားပေးထားတာပါ။  

စက်ရုပ်လမ်းကြောင်းမှာ “Tiangong Ultra” လို့ ခေါ်တဲ့ စက်ရုပ်က မာရသွန်လမ်းကြောင်းကို ၂ နာရီ၊ မိနစ် ၄၀ နဲ့ အဆုံးသတ်ရင်း အနိုင်ရခဲ့တယ် ဆိုပါတယ်။ လူအပြေးသမားရဲ့ ပန်းဝင်ချိန်ကတော့ ၁ နာရီနဲ့ ၂ မိနစ်ရှိခဲ့လို့ စက်ရုပ်က သိသိသာသာနောက်ကျခဲ့တာပါ။

ပေကျင်းစက်ရုပ်ဆန်းသစ်တီထွင်မှုစင်တာက တီထွင်ထားတဲ့ ဒီစက်ရုပ်ဟာ အရပ် ၁.၈ မီတာ၊ အလေးချိန် ၅၂ ကီလိုဂရမ်ရှိပြီး ခြေထောက်ရှည်တွေနဲ့ မာရသွန်ပြေးသူတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို မှီငြမ်းထားတဲ့ Humanoid Robot ဖြစ်ပါတယ်။

Tiangong Ultra ဟာ ပြိုင်ပွဲတစ်လျှောက် ဘက်ထရီ ၃ ကြိမ်သာ လဲဖို့ လိုခဲ့ပြီး စွမ်းဆောင်ရည် ကောင်းမွန်ကြောင်း သက်သေထူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီစက်ရုပ်ဟာ ပြိုင်ပွဲမတိုင်ခင်ကလဲ မညီညာတဲ့ မြေကြီးတွေပေါ် အချိန်နဲ့တပြေးညီ မြင်နိုင်တဲ့ Live Feed Vision စနစ်သုံးပြီး လှေကားထစ် ၁၀၀ ကျော်ကို ဆက်တိုက်တက်နိုင်တဲ့ ပထမဆုံးခြေနှစ်ချောင်းစက်ရုပ် ဖြစ်လာခဲ့တာပါ။

Reference: China hosts world’s first human-robot half-marathon in Beijing. (n.d.). Perplexity AI. https://www.perplexity.ai/page/china-hosts-world-s-first-huma-MSKF0545Rdqcds2eUxeAJA

ဆက်လက်ဖတ်ရှုဖို့

‘လူဆန်တဲ့ စက်ရုပ်တွေ’ ကို မကြာခင် ဈေးကွက်ထဲ ပမာဏများများနဲ့ ဝယ်ယူနိုင်တော့မယ်လို့ အီလွန်မက်စ်ခ် ပြော
အီလွန်မက်စ်ခ်က တက်ဆလာရဲ့ ဉာဏ်ရည်တုနည်းပညာကို အခြေခံထားတဲ့ . . . လူတွေနဲ့ ပိုဆင်ပြီး လူပိုဆန်တဲ့ စက်ရုပ်မော်ဒယ်တွေကို မကြာခင် နှစ်ပိုင်းထဲတင် ဈေးကွက်ပေ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!