ဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်တယ်လို့ ခန့်မှန်းရတဲ့ တရုတ်ကုမ္ပဏီနှစ်ခုကို ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ပိတ်ဆို့အရေးယူလိုက်ပါတယ်။ အဲဒီထဲမှာ အမေရိကန်ဆက်သွယ်ရေးကုမ္ပဏီတွေကို စုံစမ်းထောက်လှမ်းခဲ့တဲ့ တရုတ်တယ်လီကွန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကွန်ပြူတာတွေကို ဖောက်ထွင်းခဲ့တဲ့ ဟက်ကာလဲ ပါဝင်တာပါ။
အမေရိကန်ရဲ့ ပြောကြားချက်အရ တရုတ်ကျောထောက်နောက်ခံထားတဲ့ Salt Typhoon အမည်ရ စီမံကိန်းက US ဆက်သွယ်ရေးကုမ္ပဏီ ၉ ခုကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ရွေးကောက်ခံသမ္မတလောင်း ဒေါ်နယ်ထရမ့်အပါအဝင် အစိုးရထိပ်သီးပိုင်းတွေရဲ့ ဖုန်းအသံဖိုင်တွေနဲ့ အချက်အလက်တွေကို ခိုးယူခဲ့တယ်လို့ သိရပါတယ်။
တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
အဲဒီနောက် ရှန်ဟိုင်းမှာရှိတဲ့ ဟက်ကာ ယင်ကေချန်းကိုလဲ ပြီးခဲ့တဲ့လက ဘဏ္ဍာရေးဝန်ကြီးဌာနထဲ ထိုးဖောက်ဝင်ရောက်ပြီး ကွန်ပြူတာထဲက ဖိုင်ထောင်ချီကို ခိုးယူခဲ့လို့ ပိတ်ဆို့အရေးယူထားတာပါ။
ဒါ့အပြင် အမေရိကန်ဘက်က ပိတ်ဆို့တဲ့ထဲ တရုတ်စစ်တပ်နဲ့ နှီးနွယ်ထောက်လှမ်းရေးတွေမှာ နီးနီးကပ်ကပ် ဆက်ဆံရေးရှိတဲ့ Sichuan Juxinhe Network Technology အမည်ရ ဆိုက်ဘာလုံခြုံရေးလုပ်ငန်းလဲ ပါဝင်ပါတယ်။ အမေရိကန်နိုင်ငံသားတွေကိုလဲ အဲဒီကုမ္ပဏီနဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းတွေ မပြုလုပ်ဖို့ တားမြစ်လိုက်ပြီး ကုမ္ပဏီထဲ အစုရှယ်ယာတွေ ပါဝင်ရင်လဲ ဘဏ္ဍာရေးဝန်ကြီးဌာနဆီ အစီရင်ခံရမယ်လို့ ဆိုထားပါတယ်။
ပြည်ပနိုင်ငံအသီးသီးရဲ့ အစိုးရတွေကိုယ်စား အမေရိကန်ပြည်ထောင်စုရဲ့ အရေးပါတဲ့ နေရာတွေကို ဆိုက်ဘာတိုက်ခိုက်တဲ့သူတွေအကြောင်း သတင်းပေးနိုင်ရင် ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးပေးမယ်လို့လဲ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားတာပါ။
Reference: Tarabay, J. (2025, January 17). US sanctions Chinese entities behind US telecoms, Treasury Department hacks. Bloomberg.com. https://www.bloomberg.com/news/articles/2025-01-17/us-sanctions-chinese-entities-behind-telecoms-treasury-hacks
ဆက်စပ်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia