အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်အစိုးရတို့ဟာ အငြင်းပွားဖွယ် ဖြစ်နေတဲ့ TikTok လူမှုကွန်ရက်ရဲ့ အမေရိကန်က လုပ်ငန်းခွဲကို ပိုင်ဆိုင်မှုလွှဲပြောင်းပေးဖို့ သဘောတူညီချက်ကို လာမဲ့ သောကြာနေ့မှာ အပြီးသတ်မယ်လို့ သတင်းထွက်လာပါပြီ။ ဒီသဘောတူညီချက်သာ အဆင်ပြေခဲ့ရင် အမေရိကန်မှာ TikTok ဆက်ရပ်တည်နိုင်မှာပါ။

ဒီပိုင်ဆိုင်မှု လွှဲပြောင်းဖို့ စီစဉ်ရတဲ့ အဓိကအကြောင်းအရင်းနောက်ကွယ်မှာ TikTok ဟာ သူ့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance က တရုတ်အခြေစိုက်ဖြစ်လို့ အမေရိကန်သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ တရုတ်အစိုးရက ရယူနိုင်တယ်ဆိုတဲ့ စွဲချက်ပေါ် အခြေခံပါတယ်။ သမ္မတဘိုင်ဒန် သက်တမ်းမကုန်လွန်ကတည်းက အခြေတည်နေတဲ့ အမှုဖြစ်ပြီး ဒီပြဿနာကို ဖြေရှင်းဖို့ အမေရိကန်အစိုးရက TikTok ကို ByteDance က အမေရိကန်မှာ ရောင်းဖို့၊ တကယ်လို့ ByteDance အောက်က မခွဲထွက်ခဲ့ရင် ပိတ်ပင်ခံရဖို့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့ပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

ဒီသဘောတူညီချက်မှာတော့ အမေရိကန်သုံးစွဲသူတွေရဲ့ ဒေတာတွေကို စီမံခန့်ခွဲမဲ့ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုကို အသစ်ဖွဲ့စည်းပြီး အချက်အလက်အားလုံးကို အမေရိကန်နိုင်ငံတွင်းမှာပဲ သိမ်းဆည်းထားဖို့ ပါဝင်ပါတယ်။ ဒီစီမံကိန်းကို "Project Texas" လို့လည်း သိကြပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ယူဆကြတာပါ

ဒီသောကြာနေ့မှာ အပြီးသတ်မဲ့ အဲဒီသဘောတူညီချက်ဟာ TikTok ရဲ့ အနာဂတ်အတွက် တကယ်ကို အရေးကြီးပါတယ်။ တကယ်လို့သာ သဘောတူညီချက် အောင်မြင်သွားခဲ့ရင် TikTok ဟာ အမေရိကန်မှာ ဆက်လက်လုပ်ကိုင်နိုင်မှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင်တော့ လုံးဝ ပိတ်သိမ်းခံရဖို့ အလားအလာရှိနေပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာ့လူကြိုက်အများဆုံး လူမှုကွန်ရက်တစ်ခုရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် အရေးပါတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်နေရတာပါ။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/us-and-china-reach-framework-d-A00BcSz2RX.gsfRLY6dLwA

ဆက်စပ်ဖတ်ရှုဖို့

TikTok ဆီကို ဒေတာတွေ မျှဝေနေတဲ့ DeepSeek
Chinese AI startup DeepSeek has been accused of sharing user data with TikTok’s parent company, ByteDance, raising privacy concerns and prompting regulatory action in South Korea.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia 

Share this article
The link has been copied!