အမေရိကားက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေထဲ အစိုးရရဲ့ ဖမ်းဆီးတာကို မခံချင်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း အိမ်ပြန်ချင်သူတွေအဖို့ အလိုအလျောက် ‘Deport’ လုပ်ပေးနိုင်တဲ့ App ကို ထရမ့်က မိတ်ဆက်လိုက်ပါတယ်။ Customs and Border Protection – CBP Home လို့ ခေါ်တဲ့ အဲဒီအက်ပ်မှာ နယ်စပ်ကျော်ပြီး လာနေထိုင်နေသူတွေအတွက် နေရပ်ကို အေးဆေးပြန်နိုင်ဖို့ အခွင့်အရေးပေးထားပြီး တစ်ချိန်မှာ အမေရိကန်ကို တရားဝင် ပြန်လာနိုင်အောင် လုပ်ဆောင်ပေးတယ်လို့ သိရတာပါ။ 

“အဲလို ကိုယ့်ဘာသာ မပြန်ဘူးဆိုရင် ငါတို့ လာရှာမယ်၊ ပြီးရင် ပြန်ပို့မယ်၊ ဘယ်တော့မှ ပြန်လာလို့ ရတော့မှာ မဟုတ်ဘူး” လို့ အမိမြေလုံခြုံရေးဝန်ကြီးဌာနက အတွင်းရေးမှူးက ပြောပါတယ်။

ထရမ့်နဲ့ ထရမ့်အစိုးရဟာ အမေရိကန်ပြည်ထောင်စုထဲ တရားမဝင်လာရောက်နေထိုင်သူတွေနဲ့ ရွှေ့ပြောင်းတွေအပေါ် တင်းကျပ်တဲ့ ဥပဒေတွေနဲ့ ဖိအားတွေ ပေးနေတာပါ။ အဲဒီထဲမှာ လက်ရှိ သူတို့ မိတ်ဆက်လိုက်တဲ့ CBP Home ဟာလဲ တစ်ခုအပါအဝင်ပါပဲ။

ဖက်ဒရယ်အစိုးရက ပေးတဲ့ တရားဝင်နေထိုင်ကြောင်း အထောက်အထား မရှိသူတွေအနေနဲ့ လာမဲ့ ဧပြီလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး အစိုးရကို အကြောင်းကြားဖို့နဲ့ ပျက်ကွက်ရင် ဒဏ်ငွေရိုက်တာ ဒါမှမဟုတ်လဲ ထောင်ချတာမျိုး ဆောင်ရွက်နိုင်တယ် ဆိုပါတယ်။။

ဒါ့အပြင် လက်ရှိ CBP Home ဟာ ဘိုင်ဒန်အစိုးရလက်ထပ်က တရားဝင်နယ်စပ်ဖြတ်ကျော်ရေးအတွက် လျှောက်ထားနိုင်တဲ့ CBP Ones အက်ပ်နေရာကို အစားဝင်ရောက်လာတာလဲ ဖြစ်ပါတယ်။

Reference: Hesson, T. (2025, March 10). Trump administration launches new “self-deportation” app. Reuters. https://www.reuters.com/world/us/trump-administration-launches-new-self-deportation-app-2025-03-10/

 ဆက်လက်ဖတ်ရှုဖို့

ထရမ့်က အမေရိကန်ရဲ့ အရန်ဘဏ္ဍာရေးစနစ်ထဲ ဒစ်ဂျစ်တယ်ငွေကြေးတွေ ထည့်မယ်
fff

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!