TikTok ကို သူ့ရဲ့ မိခင်ကုမ္ပဏီ ByteDance ကနေ ခွဲထွက်ဖို့ US တရားရေးဌာနက ချမှတ်ထားတဲ့ ဥပဒေကို ဖျက်သိမ်းပေးဖို့ အယူခံ ဒီနေ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာပဲ ပယ်ခံလိုက်ရပါတယ်။ TikTok ကို ပိုင်တဲ့ တရုတ်ကုမ္ပဏီ ByteDance အနေနဲ့ သူတို့ရဲ့ပလက်ဖောင်းကို ဇန်နဝါရီလ ၁၉ ရက်နေ့အထိ မရောင်းချဘူးဆိုရင် US မှာ တရားဝင်ပိတ်ပင်ခံရတော့မှာပါ။

"TikTok ကို သုံးနေကြတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေကို ပြောချင်တာက တခြားဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုသာ ရှာထားကြပါ" လို့ အယူခံပယ်ချတဲ့ တရားသူကြီးအဖွဲ့ထဲက မစ္စတာဂင့်စ်ဘာ့ဂ်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ တရားရေးဌာနကနေ တရုတ်အစိုးရရဲ့ ခြယ်လှယ်မှုရှိနေတဲ့ ByteDance ကုမ္ပဏီပိုင် TikTok ဟာ US အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားကို အဖျက်အမှောင့်ပြုနေလို့ ByteDance အနေနဲ့ TikTok ကို မရောင်းချဘူးဆိုရင် အမေရိကန်မှာ 'Ban' ရလိမ့်မယ်လို့ ဆိုတာပါ။

TikTok ဘက်ကတော့ အဲဒီစွဲချက်ကို ငြင်းဆိုထားပြီး အဲဒီဥပဒေက ဖွဲ့စည်းပုံအခြေခံနည်းမကျကြောင်း၊ အက်ပ်ကို သုံးနေတဲ့ အမေရိကန်သန်းပေါင်း ၁၇၀ ကျော်ရဲ့ ပထမဖြည့်စွက်ချက် (First Amendment) အခွင့်အရေးတွေကို ချိုးဖောက်နေကြောင်း တုံ့ပြန်ထားပါတယ်။ အဲဒီနောက် ဖက်ဒရယ်တရားရုံးချုပ်အထိ တက်ရောက်အယူခံဝင်မယ်လို့လဲ ပြောထားတာပါ။ အခုတော့ TikTok ရဲ့ အယူခံကို ပြည်ထောင်စုတရားရုံးက ငြင်းဆိုလိုက်ပြီး ယခင်ကအတိုင်း သတ်မှတ်ရက်ကျော်တဲ့ထိ ရောင်းချတာမျိုးမလုပ်ရင် Ban ခံရမှာ ဖြစ်ပါတယ်။

Reference: Kerr, D. (2024, December 6). US appeals court upholds law forcing sale or ban of TikTok. The Guardian. https://www.theguardian.com/technology/2024/dec/06/tiktok-sale-ban-us

ဆက်လက်ဖတ်ရှုဖို့

TikTok ရုံးတွေ ကနေဒါက ထွက်ခွာပြီ
The federal government has ordered the dissolution of TikTok’s Canadian arm over security concerns, a move it says won’t affect Canadians’ access to the viral video app that security agencies say can be used by China to spy on users.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!