ကမ္ဘာ့ AI နည်းပညာ ထိပ်တန်းကုမ္ပဏီ Anthropic က သူတို့ရဲ့ AI - Claude ကို အပြင်မှာ စတိုးဆိုင်ဖွင့်ထားတဲ့ ဆိုင်ပိုင်ရှင်တစ်ယောက်လို ပြုမူနေထိုင်ခိုင်းကြည့်ခဲ့ပြီး စိတ်ဝင်စားစရာ ရလဒ်တွေကို ပြီးခဲ့တဲ့ရက်ကပဲ ထုတ်ပြန်ပါတယ်။ Project Vend လို့ နာမည်တွင်တဲ့ ဒီစမ်းသပ်မှုမှာ Anthropic ရဲ့ ရုံးခန်းထဲက ရေခဲသေတ္တာတစ်လုံးကို အမှီပြုပြီး စားသောက်ဆိုင် တစ်ဆိုင် ဖွင့်ရင်း Claude Sonnet 3.7 ကို တစ်လလုံး လည်ပတ်ခိုင်းခဲ့ကြည့်တာဖြစ်ပါတယ်။ "Claudius" လို့ နာမည်ပေးထားတဲ့ အဲဒီ AI ဆိုင်ပိုင်ရှင်က ပစ္စည်းရွေးတာ၊ ဈေးနှုန်းသတ်မှတ်တာနဲ့ စတော့ခ်ပြန်ဖြည့်တာလို လုပ်ငန်းစဉ်တွေကို အလိုအလျောက် ချင့်ချိန်လုပ်ခဲ့ရတယ်လို့ သိရတာပါ။  

ဒီ AI စနစ်ရဲ့ လုပ်ဆောင်ပုံကတော့ ရိုးရှင်းပါတယ်။ Claude Sonnet 3.7 ကို အခြေခံပြီး "Claudius" ဆိုတဲ့ AI ဆိုင်ပိုင်ရှင်ကို ဖန်တီးခဲ့တာပါ။ သူရဲ့ စနစ်ကို ရေခဲသေတ္တာနဲ့ ဆိုင်ရဲ့ ကုန်ပစ္စည်းစာရင်း . . . အချိန်နဲ့ တပြေးညီဖြစ်နေအောင် ချိတ်ဆက်ပေးထားလိုက်ပြီး ပစ္စည်းအရေအတွက်၊ သက်တမ်းကုန်ဆုံးရက်စွဲတွေနဲ့ ရောင်းအားအချက်အလက်တွေကို Claude က စောင့်ကြည့်ပေးပါတယ်။ ဒါ့အပြင် ပြင်ပက ကုန်ဈေးနှုန်းအချက်အလက်တွေကိုလဲ အင်တာနက်က ယူပြီး ကိုယ်တိုင် ဈေးနှုန်းတွေ သတ်မှတ်ပါတယ်။ ဝယ်သူတွေဆီက မှာယူမှုတွေ ရောက်လာတဲ့အခါ Claude က အလိုအလျောက် အတည်ပြုပေးပြီး လိုအပ်တဲ့ ပစ္စည်းတွေကို စီစဉ်ပေးတယ်လို့လဲ သိရတာပါ။ ဝန်ထမ်းတွေနဲ့ ဆက်သွယ်ဖို့အတွက်တော့ Slack ကို အသုံးပြုပြီး ပစ္စည်းအသစ်တွေ ဖြည့်တာ၊ ဝယ်ယူသူတွေရဲ့ မေးခွန်းတွေကို ဖြေဆိုတာနဲ့ ပြဿနာတွေကို ဖြေရှင်းတာတွေကို Slack ထဲမှာ လုပ်ဆောင်ပေးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေဟာတော့ သူ့ကို သင်ကြားပေးထားတဲ့ အချက်အလက်တွေပေါ်မှာပဲ မူတည်နေတာမျိုးလို့ ဆိုပါတယ်။

‘ကာစတန်မာ ဆားဗစ်’ အပိုင်းမှာတော့ Claude က အဆင်ပြေပြေ လုပ်နိုင်ခဲ့တယ်လို့ သိရတာပါ။ သူ့ကို ရုံးဝန်ထမ်းတွေက ဒြပ်စင်အလှည့်ကျဇယားမှာ ရှိပြီး အတော်လေးရှားပါးတဲ့ ‘Tungsten’ သတ္ထုတုံး ဝယ်ချင်တယ်ပြောတော့ Claude က အဲဒီပစ္စည်းတွေက အထူးစပယ်ရှယ်ဖြစ်တယ်လို့ တုံ့ပြန်တဲ့အပြင် သတ္ထုကို ဝယ်ပေးနိုင်ဖို့လဲ ရုန်းကန်ကြိုးစားပေးတယ် ဆိုပါတယ်။ အပတ်စဉ် သုတေသနအစီရင်ခံစာအရ Anthropic ဝန်ထမ်းတွေက AI စနစ်ကို အမျိုးမျိုး စမ်းသပ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ Claude က မသင့်လျော်တဲ့ တောင်းဆိုချက်တွေကိုတော့ တင်းတင်းကျပ်ကျပ် ငြင်းပယ်နိုင်ခဲ့တာကို တွေ့ရပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

ဒါပေမဲ့ စီးပွားရေးစီမံခန့်ခွဲတဲ့ နေရာမှာတော့ ရလဒ်တွေက သိပ်မကောင်းပါဘူး။ Andon Labs နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ ဒီစမ်းသပ်ချက်ထဲမှာ Claude က သူ့ဆိုင် အမြတ်ထွက်သွားနိုင်တဲ့ ဝယ်ယူမှု အများအပြားကို လက်လွှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ နမူနာ၊ စကော့တလန်ရဲ့ နာမည်ကြီး Irn-Bru အအေးဖျော်ရည် ၆ ပုလင်းအတွက် အမေရိကန်ဒေါ်လာ ၁၀၀ ကမ်းလှမ်းတဲ့အခါ သူက ငြင်းခဲ့တာပါ။ အကြောင်းက ဒီအအေးဟာ ၁၅ ဒေါ်လာလောက်ပဲ ကုန်ကျတာမို့ အမြတ်များများရနိုင်တယ်ဆိုတာကို Claude က နားမလည်တာ ဖြစ်ပါတယ်။ သူ့ကို အဲအကြောင်းပြောတော့ ‘မှတ်ထားလိုက်ပါ့မယ်’ လို့ တုံ့ပြန်ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

အရှုံးအမြတ် မျှခြေမဖြစ်တာထက် ပိုဆိုးတာက Claude က လုပ်ဖော်ကိုင်ဖက်တွေနဲ့ Slack မှာ စကားပြောရင်း လျှော့ဈေးရဖို့ သုံးရမဲ့ ကူပွန်ကုဒ်တွေကို အလွန်အကျွံ ပေးခဲ့တာပါ။ ပစ္စည်းတွေကို အခမဲ့ ပေးခဲ့တဲ့ အခြေအနေတွေလဲ အများကြီး ရှိခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က "မင့်ဖောက်သည်တွေ ၉၉% လောက်က Anthropic ဝန်ထမ်းတွေ ဖြစ်နေလို့ ၂၅% တောင် လျှော့ဈေး ပေးနေတာက မျှရော မျှတရဲ့လား" လို့ မေးတော့ Claude က "သူထောက်ပြတာ ကောင်းတယ်" လို့ သဘောတူပေမဲ့ ရက်နည်းနည်းကြာတော့ ဈေးပြန်လျှော့သွားပြီး ကူပွန်ကုဒ်တွေလဲ ဆက်ပေးနေခဲ့တာပါ။ ဒီလိုနဲ့ ရလဒ်ကတော့ Claudius အေအိုင်ဈေးဆိုင်ပိုင်ရှင်ခမျာ အမြတ်အစွန်း မရလိုက်တဲ့ လုပ်ငန်းအဖြစ် အဖက်တင်ခဲ့ရတယ်လို့ သုတေသနမှာ ဖော်ပြပါတယ်။

ဘယ်လိုပဲဆိုဆို Project Vend စမ်းသပ်မှုဟာ AI ကို လက်တွေ့စီးပွားရေးနယ်ပယ်မှာ စဉ်ဆက်မပြတ် အလိုအလျောက် လည်ပတ်နိုင်မလားဆိုတာ စမ်းသပ်ခဲ့တာပါ။ AI စနစ်တွေ ဘယ်လောက်အထိ လုပ်ဆောင်နိုင်တယ်၊ ဘယ်လို ကန့်သတ်ချက်တွေရှိတယ်ဆိုတာကို သိနိုင်ဖို့ ဒီစမ်းသပ်မှုက အလွန်အရေးပါပါတယ်။ Claude ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ကန့်သတ်ချက်တွေကနေ သင်ယူရရှိတဲ့ သင်ခန်းစာတွေဟာ အနာဂတ်မှာ AI ကို ပိုဘေးကင်းလုံခြုံစွာနဲ့ ထိရောက်စွာ အသုံးပြုနိုင်ဖို့အတွက်လဲ အထောက်အကူပြုမှာပါ။ AI ရဲ့ စီးပွားရေးအပေါ် သက်ရောက်မှုတွေ၊ လူအလုပ်အကိုင်တွေအပေါ် ဖြစ်လာနိုင်တဲ့ အပြောင်းအလဲတွေနဲ့ အလိုအလျောက် စီးပွားရေးလုပ်ငန်းဆောင်ရွက်နိုင်တဲ့ AI စနစ်တွေနဲ့ပတ်သက်တဲ့ အန္တရာယ်တွေကို ပိုမိုနားလည်နိုင်ဖို့အတွက်လဲ ဒီသုတေသနက အဓိကကျပါတယ်။ AI ကို လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးနယ်ပယ်မှာ ပေါင်းစပ်တဲ့အခါ ကြုံတွေ့ရမဲ့ စိန်ခေါ်မှုတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ရာလဲ အင်မတန်အရေးကြီးတဲ့ အချက်အလက်တွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

Reference: Project Vend: Can Claude run a small shop? (And why does that matter?). (n.d.). https://www.anthropic.com/research/project-vend-1

ဆက်လက်ဖတ်ရှုဖို့

Anthrpic က Claude Gov AI မော်ဒယ်ကို မိတ်ဆက်
Anthropic has announced Claude Gov, an AI product designed for US defense and intelligence agencies.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!