OpenAI က သူတို့ရဲ့ အဆင့်မြင့် ဗီဒီယိုထုတ်လုပ်ရေးအေအိုင် Sora (ဆိုရာ) ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ကပဲ တရားဝင်ထုတ်လိုက်ပါပြီ။ စာကနေ ဗီဒီယို၊ ပုံကနေ စာ ထုတ်လုပ်တာ၊ ရှိပြီးသား ဗီဒီယိုကိုမှ ကြာချိန်တိုးတာ . . . အစရှိသဖြင့် အဆင့်မြင့် feature တွေ ပါဝင်လာပြီး အရည်အသွေးကောင်းမွန်တယ်လို့ ကနဦးသိရပါတယ်။

ဆိုရာက ဉာဏ်ရည်တုနည်းပညာကို အခြေခံလို့ ဗီဒီယိုတွေ ထုတ်လုပ်ပေးနိုင်တဲ့ မော်ဒယ်ဖြစ်ပြီး အသုံးပြုသူအနေနဲ့ စာနဲ့ ညွှန်ကြားချက်ပေး ထုတ်ခိုင်းနိုင်သလို ဓာတ်ပုံတွေကိုလဲ Realistics ဖြစ်တဲ့ ဗီဒီယိုတွေအဖြစ် ပြောင်းလဲပေးနိုင်တာပါ။ ပြီးရင် ဆိုရာက ရှိထားပြီးသား ဗီဒီယိုတွေကိုလဲ ကြာချိန်တိုးမြှင့်တာ၊ လွတ်နေတဲ့ ဖရိန်တွေကို ဖြည့်စွက်တာမျိုးလဲ ဆောင်ရွက်နိုင်ပါတယ်။

ဗီဒီယိုသီးသန့်ဆိုရင် တစ်မိနစ်စာထိ clip တွေ ထုတ်နိုင်ပြီး အချိုးပုံစံမျိုးစုံနဲ့လဲ ထုတ်လုပ်နိုင်တာပါ။ Content Creator တွေနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးနယ်ပယ်တွေအတွက်တော့ အင်မတန်အသုံးဝင်လာနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။

လောလောဆယ်တော့ ဆိုရာက ကမ္ဘာနဲ့တစ်ဝှမ်း အသုံးပြုလို့ မရသေးဘဲ အမေရိကန်ပြည်ထောင်စုနဲ့ သတ်မှတ်ဈေးကွက်တချို့မှာပဲ ရှိနေပါသေးတယ်။ ChatGPT Plus နဲ့ ChatGPT Pro ဝယ်ယူထားသူတွေကိုတော့ ထွက်ရှိချိန် ဒီဇင်ဘာ ၉ ရက်နေ့ကတည်းက အသုံးပြုခွင့် ချပေးထားတယ်လို့ သိရတာပါ။ Sora မော်ဒယ်သီးသန့်အတွက် ဈေးနှုန်းတွေနဲ့ ဘယ်လိုဝယ်ယူနိုင်မလဲဆိုတာကိုတော့ OpenAI ဘက်က တရားဝင်ပြောကြားတာမျိုး မရှိသေးပါဘူး။

Image/GIF via OpenAI

Reference: Metz, R. (2024, December 9). OpenAI's Sora: Startup to Release Long-Anticipated Video Generation Service. Bloomberg.com. https://www.bloomberg.com/news/articles/2024-12-09/openai-to-release-long-anticipated-sora-video-generation-service

ဆက်စပ်သတင်းကို ဆက်လက်ဖတ်ရှုဖို့

OpenAI ရဲ့ Sora အေအိုင်ဗီဒီယိုထုတ်လုပ်ရေးမော်ဒယ် ပေါက်ကြားလာ
A group has leaked access to OpenAI’s video generator, Sora, in protest of duplicity and “art washing” on OpenAI’s part.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!