ChatGPT ရဲ့ ပိုင်ရှင်ကုမ္ပဏီ OpenAI က Google Chrome ကို တိုက်ရိုက်ပြိုင်နိုင်ဖို့ AI ပါတဲ့ Web Browser တစ်ခုကို မကြာခင် ထုတ်လုပ်မယ်လို့ သိရပါတယ်။ သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရတော့ ဒီ browser ကို လာမဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ထုတ်ဝေနိုင်ခြေရှိတယ် ဆိုတာပါ။

OpenAI ရဲ့ ဒီလှုပ်ရှားမှုက Google ကုမ္ပဏီရဲ့ အဓိကဝင်ငွေရပေါက်ဖြစ်တဲ့ Search Engine အခြေပြုကြော်ငြာတွေကို တိုက်ရိုက်စိန်ခေါ်တာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုပါတယ်။ ဒီလိုမျိုး AI ပါတဲ့ Browser တွေဟာ Chrome ရဲ့ အသုံးပြုသူပမာဏကို လုယူဖို့ ကြိုးစားနေကြတာလဲ ဖြစ်ပါတယ်။

OpenAI ရဲ့ ဒီ browser ဟာ Perplexity ရဲ့ Comet, The Browser ရဲ့ Dia တို့လို AI ပါတဲ့ Browser တွေနဲ့ ဆင်တူတယ် ဆိုတာပါ။ အသုံးပြုသူတွေအနေနဲ့ ဝဘ်ဆိုက်တွေကို အရင်လို ဝင်ဖတ်စရာမလိုဘဲ  ChatGPT ရဲ့ AI Chat Interface က တစ်ဆင့် လိုတဲ့ အချက်အလက်တွေကို ရယူနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါက Google ရဲ့ အဓိကဖြစ်တဲ့ Search Advertising မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိလာမှာပါ။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

OpenAI ရဲ့ Browser ထဲမှာ Operator လို့ ခေါ်တဲ့ AI Agent ရှိပြီး အသုံးပြုသူတွေအတွက် CUA ခေါ် ကွန်ပြူတာအခြေပြု အေးဂျင့်နည်းပညာနဲ့ web browser ကို သုံးပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေကို ကိုယ်စားဆောင်ရွက်ပေးနိုင်ပါတယ်။ ဟိုတယ်ဘွတ်ကင်တင်တာ၊ ပစ္စည်းအော်ဒါတင်တာ၊ ဖောင်ဖြည့်တာက စလို့ Concert ticket register လုပ်တာလို လုပ်ငန်းစဉ်တွေကိုပါ တစ်ခါတည်း ခိုင်းလို့ ရတာပါ။

OpenAI ရဲ့ ဒီ Browser က Sam Altman ရဲ့ OpenAI ကုမ္ပဏီဟာ အခြားနယ်ပယ်တွေကို ချဲ့ထွင်ဖို့ ကြိုးစားမှုတွေထဲက တစ်ခုလဲ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ ChatGPT နဲ့ ကမ္ဘာကို လှုပ်ခါခဲ့ပြီးတဲ့နောက် OpenAI ဟာ Google နဲ့ Anthropic လို ပြိုင်ဖက်ကုမ္ပဏီတွေနဲ့ ပြိုင်ဆိုင်ရတဲ့ အခြေအနေကို ကြုံနေရပါပြီ။ ဒါ့အပြင် ၂၀၂၅ ခုနှစ် မေလကလဲ io ဆိုတဲ့ AI device startup ကို ဒေါ်လာ ၆.၅ ဘီလီယံနဲ့ ဝယ်ယူပြီး hardware နယ်ပယ်ကိုပါ ဝင်ရောက်ခဲ့ပါတယ်။

Reference: Roth, E. (2025, July 10). OpenAI’s next big launch could be an AI web browser. The Verge. https://www.theverge.com/news/704162/opeani-ai-web-browser-chatgpt

ဆက်စပ်ဖတ်ရှုဖို့

Claude AI ကို ဈေးရောင်းခိုင်းကြည့်တဲ့အခါ
Anthropic partnered with Andon Labs to have Claude Sonnet 3.7 operate an automated store in their San Francisco office.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!