ဒေါ်နယ်ထရမ့်အစိုးရက အသစ်ဖွဲ့စည်းလိုက်တဲ့ "Board of Peace" (ငြိမ်းချမ်းရေးဘုတ်အဖွဲ့) မှာ အမြဲတမ်းအဖွဲ့ဝင်နေရာ ရယူလိုတဲ့ နိုင်ငံတွေအနေနဲ့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဘီလျံ ထည့်ဝင်ရမယ်လို့ တရားဝင်ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကမ္ဘာ့ခေါင်းဆောင်တွေဆီ ပေးပို့ခဲ့တဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းဆိုင်ရာ မူကြမ်းအရ ဒေါ်လာ ၁ ဘီလျံနဲ့အထက် ထည့်ဝင်တဲ့နိုင်ငံတွေဟာ ပုံမှန် ၃ နှစ် ငြိမ်းချမ်း-သက်တမ်းသတ်မှတ်ချက်ကနေ ကင်းလွတ်ခွင့်ရမှာဖြစ်ပြီး အမြဲတမ်းအဖွဲ့ဝင်နေရာကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ အဖွဲ့ဝင်အဆင့်အတန်းကို ငွေကြေးထည့်ဝင်မှုအပေါ် မူတည်ပြီး နှစ်မျိုးခွဲခြားလိုက်တဲ့ သဘောလဲ ဖြစ်ပါတယ်။

ဒီဘုတ်အဖွဲ့မှာ စတင်တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံတွေအဖြစ် ပါဝင်ဖို့အတွက် နိုင်ငံပေါင်း ၆၀ ခန့်ကို ဖိတ်ကြားထားပြီး အာဂျင်တီးနား၊ ကနေဒါ၊ အီဂျစ်နဲ့ တူရကီနိုင်ငံ ခေါင်းဆောင်တွေကတော့ ထရမ့်ဆီကနေ တရားဝင်ဖိတ်စာတွေ လက်ခံရရှိထားကြောင်း အတည်ပြုထားပါတယ်။ ထရမ့်က ဒီအဖွဲ့အစည်းဟာ ဂါဇာဒေသ ပဋိပက္ခတစ်ခုတည်းတင် မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေကို ဖြေရှင်းဖို့ "ရဲရင့်တဲ့ ချဉ်းကပ်မှုအသစ်" တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အစ္စရေးအစိုးရကတော့ ဒီအစီအစဉ်ဟာ သူတို့နဲ့ ကြိုတင်ညှိနှိုင်းထားတာ မရှိသလို သူတို့ရဲ့ မူဝါဒတွေနဲ့လဲ ဆန့်ကျင်နေတယ်လို့ ကန့်ကွက်ထားပါတယ်။

လေ့လာ၊ ချိတ်ဆက်၊ တိုးတက် - TalentOS

ဘယ်လောက်ပဲ ကြိုးစားနေနေ အခွင့်အရေးတွေ ရှားပါးလာတယ်လို့ လူငယ်အများစု ခံစားနေကြရမှာပါ။

ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ TalentOS ရောက်ရှိလာပါပြီ။

TalentOS ဆိုတာ ဒေါ်လာနဲ့ရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်ပြီး CV form တွေ၊ Resume တွေ မလိုအပ်ပါဘူး။ TalentOS မှာရှိတဲ့ Mission တွေထဲက ကိုယ်ကြိုက်တာကို ရွေးလုပ်၊ ပြီးသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ Result ကို ပြန်တင်လိုက်ရုံနဲ့ သင့် Profile မှာ လက်တွေ့လုပ်ပြထားတဲ့ သက်သေအဖြစ် မှတ်တမ်းဝင်နေမှာပါ။

ဒီ Profile ကို TalentOS ပေါ်က လုပ်ငန်းရှင်တွေ၊ Employer တွေကလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေက Bounty လို့ခေါ်တဲ့ ဒေါ်လာနဲ့ရမယ့် အလုပ်တွေကိုလည်း ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို လက်တွေ့ချပြနိုင်တယ်။ နိုင်ရင် ဆုကြေးရမယ်။ ရိုးရှင်းပါတယ်။

TalentOS နဲ့အတူ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ဖို့ အခုပဲ Play Store/ App Store မှာ Download ရယူလိုက်ပါ။

ခုပဲ ဒေါင်းလိုက်ပါ

ဘုတ်အဖွဲ့ရဲ့ အုပ်ချုပ်မှုပိုင်းကို ကြည့်ရင်တော့ အမေရိကန်လူမျိုးတွေကပဲ အများစု ကြီးစိုးနေတာကို တွေ့ရပါတယ်။ အဖွဲ့ဝင်တွေထဲမှာ နိုင်ငံခြားရေးဝန်ကြီး Marco Rubio၊ ထရန့်ရဲ့ သားမက် Jared Kushner၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Ajay Banga နဲ့ Apollo Global Management ရဲ့ CEO Marc Rowan တို့ ပါဝင်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Tony Blair တစ်ယောက်သာလျှင် အမေရိကန်လူမျိုးမဟုတ်ဘဲ အမှုဆောင်ဘုတ်အဖွဲ့မှာ ပါဝင်ခွင့်ရထားတာပါ။

ဒီလို ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကြားမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ တချို့က ဒါဟာ "ကိုလိုနီခေတ်က စီမံခန့်ခွဲမှုပုံစံ" နဲ့ တူနေတယ်လို့ ဝေဖန်ကြပြီး၊ မူကြမ်းမှာ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေကို အမည်တပ်ဖော်ပြတာမျိုး မရှိဘဲ "ကျရှုံးနေတဲ့ အဖွဲ့အစည်းဟောင်းတွေကနေ ခွဲထွက်ဖို့" ဆိုတဲ့ အချက်ကိုပဲ ချီးမြှောက်ပြောဆိုထားပါတယ်။ ဒီငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ အဖွဲ့ဝင်စာရင်း အပြည့်အစုံကိုတော့ လာမယ့်သီတင်းပတ် ဒါးဗို့စ် (Davos) မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ တရားဝင် ကြေညာသွားဖို့ ရှိပါတယ်။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/trump-wants-nations-to-pay-1-b-juzl8dT9Sj2TkEURIgx_zA

ဆက်စပ်ဖတ်ဖို့

ထရမ့်က အမေရိကန်ရဲ့ အရန်ဘဏ္ဍာရေးစနစ်ထဲ ဒစ်ဂျစ်တယ်ငွေကြေးတွေ ထည့်မယ်
fff

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!