မိုက်ခရိုဆော့ဖ်တ်ကုမ္ပဏီက သူတို့ကုမ္ပဏီရဲ့ ဝန်ထမ်းစုစုပေါင်းထဲက အယောက် ၆၀၀၀ ကျော်လောက်ကို ရာထူးတာဝန်ကနေ ရပ်ဆိုင်းမယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က‌ ကြေညာပါတယ်။ ဒီအရွေ့က မိုက်ခရိုဆော့ဖ်ရဲ့ ဝန်ထမ်းအဆင့်အားလုံး၊ အဖွဲ့အားလုံးနဲ့ နိုင်ငံအစုံမှာ ရှိတဲ့ လူဦးရေ ၆၀၀၀ ကျော်၊ တစ်နည်းပြောရရင် ကုမ္ပဏီရဲ့ လုပ်အား ၃ ရာခိုင်နှုန်းခန့်ကို သက်ရောက်မယ်လို့ သိရတာပါ။ ကုမ္ပဏီဘက်က ‘ပြောင်းလဲလာနေတဲ့ ဈေးကွက်မှာ အောင်မြင်မှုရဖို့ လိုတဲ့ အဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှုတွေကို ဆက်အကောင်အထည်ဖော်နေတယ်’ လို့ ရိုက်တာသတင်းရဲ့ မေးမြန်းချက်ကို ဖြေပါတယ်။

မိုက်ခရိုဆော့ဖ်ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဧပြီလကုန်မှာ သူတို့ရဲ့ သုံးလတာ ဘဏ္ဍာရေးရလဒ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်အရ ကုမ္ပဏီရဲ့ အသားတင်အမြတ်ငွေဟာ ဒေါ်လာ ၂၅.၈ ဘီလီယံ ရှိခဲ့ပြီး ဈေးကွက်က မျှော်လင့်ထားတာထက် ပိုကောင်းခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ ကုမ္ပဏီက ဝါရှင်တန်ပြည်နယ်မှာ ရှိတဲ့ ရက်မွန်းဌာနချုပ်နဲ့ ဆက်စပ်ဝန်ထမ်း ၂၀၀၀ ဝန်းကျင်ကို အလုပ်ဖြုတ်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီဝန်ထမ်းတွေထဲမှာ ရုံးအခြေစိုက်ဝန်ထမ်း ၁၅၀၀ ကျော်နဲ့ အဝေးက အလုပ်လုပ်တဲ့ ဝန်ထမ်း ၅၀၀ ဝန်းကျင် ပါတာပါ။ ဒီအလုပ်ဖြုတ်မှုကလဲ မိုက်ခရိုဆော့ဖ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဝန်ထမ်း ၃ ရာခိုင်နှုန်း လျှော့ချမှုရဲ့ တစိတ်တပိုင်းဖြစ်ခဲ့ပါတယ်။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ

မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ

ဒီအလုပ်ဖြုတ်မှုက ၂၀၂၃ ခုနှစ်က ဝန်ထမ်းတစ်သောင်းကျော် ဖြုတ်ခဲ့တဲ့ နောက်ပိုင်း အကြီးမားဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၁ လပိုင်းကတော့ ကုမ္ပဏီဘက်က စွမ်းဆောင်ရည်ပေါ် အခြေခံတဲ့ တာဝန်ရပ်နားမှုတွေ ဆောင်ရွက်ခဲ့ပေမဲ့ ဒီတစ်ခေါက်ကတော့ အဲဒီလို စွမ်းဆောင်ရည်ကြောင့် ရပ်နားတာမျိုး မဟုတ်ဘူး ဆိုပါတယ်။

ကုမ္ပဏီရဲ့ ပင်မရည်ရွယ်ချက်က စီမံခန့်ခွဲမှုအလွှာတွေကို လျှော့ချနိုင်ဖို့ ဖြစ်ပြီး ဒီတစ်ခေါက် ဖြုတ်ချတဲ့ထဲ စီမံခန့်ခွဲရေးနဲ့ ပတ်သက်တဲ့ ရာထူးတွေ အများအပြား ပါဝင်ပါတယ်။

Reference: https://www.cnbc.com/2025/05/13/microsoft-is-cutting-3percent-of-workers-across-the-software-company.html

ဆက်စပ်ဖတ်ရှုဖို့

မိုက်ခရိုဆော့ဖ် Skype ကို ပိတ်တော့မယ်
Microsoft is closing down Skype, a video-calling service it bought for $8.5 billion in 2011.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!