Meta က လွတ်လပ်တဲ့ အချက်အလက်စစ်ဆေးသူတွေက တစ်ဆင့် Facebook နဲ့ Instagram ပေါ်က ပိုစ့်တွေအပေါ် မှတ်ချက်ပေးတာ၊ အမှန်အမှားခွဲခြားတဲ့ နည်းကို X (ယခင်တွစ်တာ) မှာ သုံးတဲ့ Community Note နဲ့ အစားထိုးမယ်လို့ ဆိုလိုက်ပါတယ်။

Community Note ဆိုတာ ပလက်ဖောင်းကို အသုံးပြုနေသူတွေကပဲ မှတ်ချက်တွေ ဝိုင်းဝန်းပေးသွားရင်း ပိုစ့်တစ်ခု၊ အကြောင်းအရာတစ်ခုရဲ့ အမှန်အမှားကို ဆုံးဖြတ်ပေးတာကို ဆိုလိုတာပါ။

ကုမ္ပဏီရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ မာ့ခ်ဇူကာဘက်က ပြင်ပက အချက်အလက်စစ်ဆေးသူတွေဟာ "နိုင်ငံရေး ဘက်လိုက်မှု" အင်မတန်များပြီး လွတ်လပ်စွာပြောဆိုခွင့် ရနိုင်ဖို့ ပြန်ဆောင်ရွက်ရမယ်လို့ ပြောလိုက်ပါတယ်။

အခုလို ပြင်ဆင်ချက်က အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတလောင်း ဒေါ်နယ်ထရမ့် အိမ်ဖြူတော်မတက်ခင်မှာ ထွက်ရှိလာတာဖြစ်ပြီး ဒေါ်နယ်ထရမ့်နဲ့ ဆက်ဆံရေးအရ ပြေလည်စေဖို့ ဆောင်ရွက်တာလို့ သိရပါတယ်။

ထရမ့်အပါအဝင် အမေရိကန်ရဲ့ ရီဘက်ပလစ်ကန်ပါတီဝင်အများစုက ဇူကာဘက်ရဲ့ Meta မှာ ရှိတဲ့ အချက်အလက်စစ်ဆေးမှု မူဝါဒတွေကို ဝေဖန်ရှုတ်ချလေ့ရှိပြီး နိုင်ငံရေးအရ ဘက်လိုက်မှုတွေ များတယ်လို့ မှတ်ချက်ပေးကြတာပါ။

အဲဒီပြောင်းလဲမှု ဆောင်ရွက်မယ်လို့ ကြေညာအပြီးမှာပဲ ထရမ့်ဘက်ကလဲ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ ဇူကာဘက်ရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုလေးစားကြောင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။

Meta ရဲ့ လက်ရှိ အချက်အလက်စစ်ဆေးတဲ့ နည်းစနစ်က ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အကြောင်းအရာအရ ဖြစ်စေ၊ တင်ပြပုံအရဖြစ်စေ ကြည့်ရှုသူကို အသိမှား၊ အမြင်မှား ရစေနိုင်မဲ့ ပိုစ့်တွေကို သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေက တစ်ဆင့် အမှားအမှန် အကဲဖြတ်ခိုင်းတာပါ။

အကဲဖြတ်ပြီးရင်တော့ ဒီပိုစ့်တွေရဲ့ မှန်ကန်မှု/မှားယွင်းမှု . . . စတာတွေကို အချက်အလက်စစ်ဆေးမှု ရလဒ်အဖြစ် ပိုစ့်တွေမှာ တွဲရက် ပြသပေးလေ့ ရှိပါတယ်။ အခုတော့ အဲဒီအချက်အလက်စစ်ဆေးမှုတွေ နေရာမှာ Community Notes အမည်ရ လုပ်ငန်းစဉ်ကို အစားထိုးသွားမယ်လို့ ပြောလာတာပါ။

Community Notes ဆိုတာက အမှားအမှန် ဝေခွဲရခက်ပြီး အငြင်းပွားဖွယ် ပိုစ့်တွေကို မတူညီတဲ့ ရှုထောင့်က အသုံးပြုသူတွေက မတူညီတဲ့ မှတ်ချက်တွေပေးရင်း အချက်အလက်ပိုင်းတွေ၊ ရှင်းပြမှုတွေ ဖြည့်စွက်တဲ့ Feature ဖြစ်ပါတယ်။

Reference: Subramanian, L. M. Z. K. &. C. (2025, January 7). Meta to replace “biased” fact-checkers with moderation by users. https://www.bbc.com/news/articles/cly74mpy8klo

ဆက်လက်ဖတ်ရှုဖို့

ဒေါ်နယ်ထရမ့်ရဲ့ Greenland ကို ဝယ်မဲ့အကြံ မအောင်မြင်
Denmark has announced a significant increase in defense spending for Greenland, following US President-elect Donald Trump’s repeated desire to purchase.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!