Meta က 'W' ခေါ် ကမ္ဘာ့တိုက်ကြီးတွေရဲ့ ပင်လယ်ရေအောက်ကြား ကီလိုမီတာ ၄၀၀၀ အလျားနဲ့ ဆက်သွယ်နေမဲ့ မဟာအင်တာနက်ကေဘယ်ကွန်ယက်တွေကို တည်ဆောက်နေကြောင်း သိရပါတယ်။ ဒီစီမံကိန်းသာ ပြီးမြောက်သွားမယ်ဆိုရင် ပင်လယ်ရေအောက်ကေဘယ်တွေက အမေရိကား၊ တောင်အာဖရိက၊ အိန္ဒိယနဲ့ ဩစတေးလျတိုက်တို့ကို ဖြတ်ကျော်ဆက်သွယ်ပြီး Meta အတွက်လဲ ပထမဆုံးကိုယ်ပိုင်ကေဘယ်စီမံကိန်း ဖြစ်လာမှာပါ။
လျာထားဘတ်ဂျပ် ဒေါ်လာ ၁၀ ဘီလျံရှိတဲ့ ဒီပရော့ဂျက်ကို Meta က သူတို့ပလက်ဖောင်းတွေ ဖြစ်တဲ့ Facebook, Instagram နဲ့ WhatsApp တို့မှာ အင်တာနက်ဆက်သွယ်မှုပိုင်းတွေ ကောင်းမွန်ဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်ကြောင်း ပြောပါတယ်။ ကိုယ်ပိုင် ကေဘယ်ကွန်ယက် ရှိလာပြီဆိုရင် ကုမ္ပဏီအနေနဲ့ ဒေတာအသယ်အပို့တွေကို ပိုထိန်းချုပ်လာနိုင်ပြီး တခြား network provider တွေအပေါ် မှီခိုနေရမှု လျော့ကျသွားမယ်လို့လဲ သိရတာပါ။
ShweNote နဲ့အတူ ဆုကြီးတွေယူ
အချိန်မရလို့ စာမဖတ်ဖြစ်တာလား၊ စာအုပ်တွေက များလွန်းနေလို့ ဘာဖတ်ရမှန်း မသိတာလား။ ကားပေါ်မှာ… ကော်ဖီဆိုင်မှာ... အိမ်မှာ... နာမည်ကြီး စာအုပ်တွေကို အချိန်တိုတိုနဲ့ ဖတ်ခွင့်ရမယ်၊ စာနဲ့ရော အသံနဲ့ပါဆိုရင် စိတ်ဝင်စားလား။
နာမည်ကြီး စာအုပ်တွေရဲ့ အနှစ်ချုပ်တွေ၊ Audio Book တွေကို လမ်းလျှောက်ရင်းဖြစ်ဖြစ်၊ လုပ်စရာရှိတာ လုပ်ရင်းဖြစ်ဖြစ် အဆင်သင့် နားထောင်နိုင်ဖို့ ShweNote ရှိပါတယ်။ စာဖတ်ချင်ရင် Book Summary၊ အသံ နားထောင်ချင်ရင် Audio Book အချိန်၊ နေရာမရွေး လက်လှမ်းမီနိုင်တဲ့ Digital Library . . .။
၂၀၂၅ ခုနှစ်မှာ သင့်ဘဝအတွက် အကြီးမားဆုံး အပြောင်းအလဲတွေ ရှိလာဖို့ ဒီနေ့က စလို့ တစ်နေ့ကို စာတစ်ပုဒ် ShweNote နဲ့ တူတူ ဖတ်ပါ။ ဒီဇင်ဘာလထဲ Subscription ဝယ်ဖြစ်ရင်လဲ သိန်း ၂၀၀ တန်ဖိုးရှိ ဆုကြီးတွေကို ကံစမ်းနိုင်အုံးမယ်။
တစ်နေရာတည်းမှာ အကုန်ရနိုင်တဲ့ ရွှေနုတ် . . . အသိပညာကုန်ကြမ်းတို့ရဲ့ ရေသောက်မြစ်
လတ်တလောမှာ Meta ရဲ့ ပလက်ဖောင်းအစုံက အကောင့်တွေက ကမ္ဘာ့အင်တာနက်ကွန်ယက်ရဲ့ ၁၀ ရာခိုင်နှုန်းကို အသုံးပြုနေပြီး မိုဘိုင်းအင်တာနက်ဆက်သွယ်မှု ၂၂ ရာခိုင်နှုန်း ရှိနေပါတယ်။ အခုတော့ ကိုယ်ပိုင်ကေဘယ်ကွန်ယက်တွေက တစ်ဆင့် ကုမ္ပဏီရဲ့ နည်းပညာဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်တော့မှာ ဖြစ်သလို ဉာဏ်ရည်တုနည်းပညာမှာလဲ ရင်းနှီးမှုတွေ လုပ်လာနိုင်မယ် ဆိုပါတယ်။
စီမံကိန်းပြီးမြောက်ဖို့ နှစ်နဲ့ချီ အချိန်ယူရနိုင်ပြီး Meta ကတော့ ၂၀၃၀ ခုနှစ်မတိုင်ခင် စတင်လည်ပတ်ချင်တယ်လို့ သိရတာပါ။ လောလောဆယ်တော့ ဒေါ်လာ ၂ ဘီလျံ ကနဦးရင်းနှီးမြှုပ်နှံထားပြီဖြစ်ပြီး စုစုပေါင်း ဒေါ်လာ ၁၀ ဘီလျံ ကျသင့်နိုင်ပါတယ်။ စီမံကိန်းအသေးစိတ်နဲ့ ရေရှည်အကောင်အထည်ဖော်ဖို့ကိုတော့ Meta က ၂၀၂၅ အစောပိုင်းမှာ ထုတ်ဖော်ပြောလာနိုင်တာပါ။
တခြားသတင်းတွေ ဆက်လက်ဖတ်ရှုဖို့ . . .
Reference: Meta plans World-Spanning internet cables. (n.d.). Perplexity AI. https://www.perplexity.ai/page/meta-plans-world-spanning-inte-LFjJEcDkTjeuhdK9.USwyA
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia