Meta ဟာ သူတို့ရဲ့ နှစ်စဉ်ကျင်းပနေကျ Connect ပွဲမှာ Display ပါဝင်တဲ့ ဉာဏ်ရည်တု စမတ်မျက်မှန်သစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Meta Ray-Ban Display လို့ အမည်ပေးထားတဲ့ ဒီမျက်မှန်ရဲ့ စျေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၇၉၉ ဖြစ်ပြီး AI နည်းပညာနဲ့ Augmented Reality (AR) နည်းပညာတွေကို ပေါင်းစပ်ထားတဲ့ ထုတ်ကုန်သစ်တစ်ခုပါ။

ဒီမျက်မှန်ကို သာမန်မျက်မှန်တွေလိုပဲ အသုံးပြုနိုင်ပြီး လိုအပ်ရင် လိုအပ်သလို မျက်မှန်ရဲ့ ညာဘက်မှန်ပြင်ကနေ Display တစ်ခု ဖွင့်နိုင်ပါတယ်။ သုံးစွဲသူအနေနဲ့ Meta AI ကို အသုံးပြုပြီး မေးခွန်းတွေ မေးနိုင်သလို ပုံတွေကြည့်တာ၊ စာတိုပေးပို့တာနဲ့ ပြင်ပကမ္ဘာမှာ မြင်နေရတဲ့ ပုံရိပ်တွေနဲ့ ပတ်သက်လို့ စုံစမ်းတာ၊ အသံတွေ ဘာသာပြန်တာမျိုးကိုလဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 600x600 pixels ရှိပြီး အရောင်အသွေးစုံလင်သလို အလွန်တောက်ပတဲ့ အဲဒီ display ငယ်က သုံးစွဲသူ လိုအပ်မှသာ ပေါ်လာတာ ဖြစ်ပြီး အချက်အလက်တွေနဲ့ သတင်းစကားတွေကို on-demand menu ပုံစံမျိုး ပြသပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Meta ရဲ့ ဒီ Ray-Ban Display ဟာ Smart Glasses တွေထဲ AI, AR နဲ့ display ကိုပါ သေသေချာချာရမဲ့ ပထမဆုံးမျက်မှန်အဖြစ် မှတ်တမ်းဝင်သွားတာပါ။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

ဒီမျက်မှန်ကို ထိန်းချုပ်ဖို့အတွက် neural wristband လို့ခေါ်တဲ့ လက်ပတ်သစ်တစ်ခုကို အသုံးပြုရပါတယ်။ ဒီလက်ပတ်ဟာ လက်ရဲ့ ကြွက်သားလှုပ်ရှားမှုတွေကို ဖတ်ရှုပြီး မျက်မှန်ကို ထိန်းချုပ်တာပါ။ လက်ချောင်းတွေကို စုလိုက်၊ ချဲ့လိုက်ရုံနဲ့ လုပ်ဆောင်နိုင်စရာတွေကို ရွေးနိုင်ပြီး စာရေးတဲ့အခါမျိုးမှာလဲ လေထဲမှာ တိုက်ပင်သလိုမျိုး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ Meta ဟာ Connect ပွဲတွင်းမှာတင် Ray-Ban Meta Gen 2 စမတ်မျက်မှန်တွေကို ချက်ချင်းရောင်းကျသွားပါတယ်။ ဒေါ်လာ ၃၇၉ ကျသင့်မဲ့ ဒီမျက်မှန်ဟာလဲ သူ့ရဲ့ ပထမမျိုးဆက်ထက် ဘက်ထရီသက်တမ်း နှစ်ဆပိုကောင်းလာပြီး တစ်ခါအားသွင်းရုံနဲ့ ၈ နာရီထိ အသုံးပြုနိုင်တာပါ။ ဒါ့အပြင် မျက်မှန်မှာပါတဲ့ ကင်မရာကနေလဲ 3K Ultra HD video ကို ရိုက်ကူးလာနိုင်တယ် ဆိုပါတယ်။ ဒါဟာ အရင်မော်ဒယ်ထက် pixels ပမာဏ နှစ်ဆပိုများတာပါ။

ဒီမျက်မှန်တွေဟာ Meta ရဲ့ ရေရှည်ရည်မှန်းချက်ဖြစ်တဲ့ Metaverse နဲ့ AR နယ်ပယ်ကို တဖြည်းဖြည်း တိုးချဲ့သွားမဲ့ ခြေလှမ်းသစ်တစ်ရပ်ဖြစ်ပြီး AI ကို လူတွေရဲ့ နေ့စဉ်ဘဝထဲ ဘယ်လို ပိုပေါင်းစပ် ထည့်သွင်းလာနိုင်မဲ့ Product တစ်ခုဖြစ်မလဲဆိုတာ စိတ်ဝင်စားနေကြပါတယ်။

ဒီမိတ်ဆက်ပွဲဟာ Meta ရဲ့ smart glasses လုပ်ငန်းဟာ အရှိန်အဟုန်ကောင်းနေချိန်မှာ ပေါ်ပေါက်လာတာလဲ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ကတည်းက Ray-Ban smart glasses ၂ သန်းကျော် ရောင်းချခဲ့ရတာကြောင့် Meta ဟာ smart glasses ဈေးကွက်မှာ ဦးဆောင်သူ ဖြစ်ပြီးနေပါပြီ။ Ray-Ban Display မျက်မှန်တွေကို စက်တင်ဘာ ၃၀ မှာ အမေရိကန်မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး Ray-Ban Gen 2 မျက်မှန်တွေကိုတော့ နိုင်ငံ ၁၈ နိုင်ငံမှာ ချက်ချင်းရောင်းချပေးနေပြီလို့ သိရပါတယ်။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/meta-unveils-799-display-glass-BkLYV.9aT1WrPuJsRBOWRQ

ဆက်စပ်ဖတ်ရှုဖို့

Meta က Scale AI ကုမ္ပဏီတစ်ဝက်ကို ဝယ်၊ CEO ကိုပါ ခေါ်ယူ
Meta Platforms has acquired a 49% non-voting stake in Scale AI, valued at around $29 billion, for $14.8 billion.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia 

Share this article
The link has been copied!