
ဂျပန်နိုင်ငံဟာ အင်တာနက် မြန်နှုန်းနဲ့ ပတ်သက်ပြီး စံချိန်သစ်တစ်ခု ထပ်တင်လိုက်ပြီလို့ နောက်ဆုံးရ သတင်းတွေအရ သိရပါတယ်။ တစ်စက္ကန့်ကို ၂၂ ပီတာဘိုက် (22 Pbps) နှုန်းနဲ့ အချက်အလက်တွေကို အောင်အောင်မြင်မြင် ပို့လွှတ်နိုင်ခဲ့တာ ဖြစ်ပြီး အဲဒီနှုန်းဟာ လက်ရှိ ကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ အမြန်ဆုံး အင်တာနက်ထက် အဆ ၁၀ သန်းကျော် ပိုမြန်ဆန်တယ်လို့ ပညာရှင်တွေက ပြောတာပါ။
မယုံနိုင်စရာကောင်းလောက်တဲ့ ဒီအမြန်နှုန်းကို စံချိန်သစ်တင်နိုင်ဖို့ရာ သုတေသနပညာရှင်တွေဟာ ဖိုက်ဘာကေဘယ်လ် တစ်ခုတည်းကနေ အချက်အလက် အများအပြားကို တစ်ပြိုင်နက် ပို့လွှတ်နိုင်တဲ့ နည်းပညာအသစ်ကို အသုံးပြုနိုင်ခဲ့လို့လို့ ဆိုပါတယ်။ သုတေသီတွေဟာ core လေးခု (Quad-core) ပါဝင်တဲ့ ဖိုက်ဘာကေဘယ်လ် ဒီဇိုင်းအသစ်တစ်ခုကို အသုံးပြုပြီး ဒီလို အံ့မခန်းစွမ်းဆောင်ရည်ကို ရရှိခဲ့တာပါ။ အရင်ကဆိုရင် အင်တာနက်အတွက် အများစု အသုံးပြုနေကြတာက core တစ်ခုတည်း (Single-core) ပါဝင်တဲ့ ကေဘယ်လ်တွေ ဖြစ်ပါတယ်။ ဒီနည်းပညာသစ်ဟာ ဒေတာ ပို့လွှတ်မှု ပမာဏကို သိသိသာသာ မြှင့်တင်ပေးလိုက်နိုင်ပြီး အင်တာနက်အမြန်နှုန်းကို ခုလို အဆသန်းပေါင်းများစွာ ပိုမြန်ဆန်သွားစေတာပါ။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
ဒီလို မြန်နှုန်းမြင့် အင်တာနက် နည်းပညာတွေ တိုးတက်လာတာဟာ အနာဂတ်မှာ ကြီးမားလွန်းတဲ့ ဒေတာတွေကို လျင်လျင်မြန်မြန် ပို့လွှတ်ဖို့ ဉာဏ်ရည်တု (AI)၊ 5G ဆက်သွယ်ရေးစနစ်တွေနဲ့ အခြားနည်းပညာမြင့် လုပ်ငန်းတွေအတွက် မရှိမဖြစ် လိုအပ်လာမှာလဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့၊ တစ်ကမ္ဘာလုံးက အချက်အလက်ကြီးတွေ (Big Data) ကို အချိန်တိုအတွင်း ပို့ဆောင်ဖို့၊ ဒါမှမဟုတ် ကမ္ဘာ့နေရာအနှံ့အပြားက သုတေသန ပရောဂျက်ကြီးတွေမှာ ပညာရှင်တွေ အချင်းချင်း ပူးပေါင်းလုပ်ဆောင်တဲ့အခါ အချက်အလက်တွေ ချောချောမွေ့မွေ့ ဖလှယ်နိုင်ဖို့ . . . စသဖြင့် အသုံးပြုနိုင်မှာပါ။
လက်ရှိအချိန်မှာတော့ ဒီနည်းပညာဟာ သုတေသန အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီလို တိုးတက်မှုတွေက အင်တာနက် အနာဂတ်အတွက် တကယ့်ကို ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်လာနိုင်တယ်လို့ လေ့လာရပါတယ်။ မကြာခင် အချိန်အတောအတွင်းမှာတင် လက်ရှိ အသုံးပြုနေတဲ့ အင်တာနက်တွေဟာ အခုထက် အများကြီး ပိုမြန်လာနိုင်တယ်ဆိုတဲ့ အလားအလာကောင်းတွေကို ဒီသုတေသနက ပြသနေတာလဲ ဖြစ်ပါတယ်။
Reference: Japan breaks internet speed record. (n.d.). Perplexity AI. https://www.perplexity.ai/discover/top/japan-breaks-internet-speed-re-sthI.b.lQdO5yOVMbDOnzQ
ဆက်စပ်ဖတ်ရှုဖို့


Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia