အခုနှစ် ဇွန်လအတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားရောင်းအားက ၁၃ ရာခိုင်နှုန်းအထိမြင့်တက်လာပြီး ဥရောပသမဂ္ဂမှာတော့ လျှပ်စစ်ကားရောင်းအားက ၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။
တစ်ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားနဲ့ plug-in hybrid မော်တော်ကားတွေ ရောင်းချမှုက အခုနှစ်ဇွန်လအတွင်း ၁၃ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေရဲ့ခန့်မှန်းပြောကြားချက်အရသိရပါတယ်။
ဇွန်လ တစ်လအတွင်း တစ်ကမ္ဘာလုံးမှာ လျှပ်စစ်ကား ရောင်းအားက အစင်းရေ ၁.၄ သန်းအထိရှိပြီး တစ်ကမ္ဘာလုံးမှာ တရုတ်ထုတ်လျှပ်စစ်ကားရောင်းအားက ၀.၈၆ သန်းအထိရှိတယ်လို့သိရပါတယ်။
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
ဥရောပမှာလျှပ်စစ်ကားရောင်းအားကျဆင်းရတာက တရုတ်လျှပ်စစ်ကားတွေရောင်းအားမြင့်တက်ရတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ဥရောပမှာ အခုနှစ်အတွင်း လျှပ်စစ်ကား လစဉ်ရောင်းအားက ၇ ရာခိုင်နှုန်းအထိ ကျဆင်းနေပြီး တစ်ဖက်မှာလည်း ဖင်လန်၊ အိုင်ယာလန်နဲ့ နယ်သာလန်တို့မှာလည်းလျှပ်စစ်ကားရောင်းအားကျဆင်းနေတယ်လို့သိရပါတယ်။
ဘရာဇီးမှာတော့ အခုနှစ်အတွင်း တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD ရောင်းအားက သုံးဆကျော်အထိ တိုးလာတယ်လို့လေ့လာဆန်းစစ်သူတွေရဲ့ပြောကြားချက်အရသိရပါတယ်။
ဆက်စပ်ဖတ်ရှုလိုလျှင်
Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar
📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
📌LinkedIn https://www.linkedin.com/showcase/build-myanmar/
📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx
📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
Inquiry - support@buildmyanmar.com
#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia