
Google ကုမ္ပဏီဟာ သူတို့ရဲ့ နဂိုရှိနှင့်ပြီးသား Gemini 2.5 Pro AI မော်ဒယ်မှာ နောက်ထပ် Coding ပိုင်းဆိုင်ရာ အဆင့်မြင့်လုပ်ဆောင်ချက်တွေကို ထည့်ပေးလိုက်ပြီလို့ တရားဝင်ကြေညာလာပါတယ်။
ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က ဒီအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပြီး အခုအဆင့်မြှင့်ထားတဲ့ Gemini 2.5 Pro Preview ဟာဆိုရင် YouTube ဗီဒီယိုတစ်ခုတည်း၊ ခဲတံနဲ့ ပုံကြမ်းခြစ်ထားတဲ့ စာရွက်ဓာတ်ပုံတစ်ရွက်လောက်တည်းနဲ့တင် တကယ်အလုပ်လုပ်တဲ့ ဝဘ်အခြေပြုအက်ပ်တွေကို ထုတ်လုပ်ပေးနိုင်ပြီ ဆိုပါတယ်။
ဒီဗားရှင်းသစ်ကို လာမဲ့ Google ၂၀၂၅ ပွဲမှာ စ,ထုတ်လွှင့်မိတ်ဆက်သွားဖို့ ကနဦးစီစဉ်ထားပေမဲ့ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေနဲ့ စိတ်ဝင်စားသူ များပြားလို့ ပိုစောစောကြေညာလိုက်တာလို့ သိရတာပါ။
Google ဘက်က တင်ထားတဲ့ ဘလော့ဂ်ပိုစ့်မှာတော့ Gemini 2.5 ကို ကုဒ်ပိုင်းဆိုင်ရာနဲ့ ပရိုဂရမ်တွေကို ပိုနားလည်နိုင်တဲ့၊ တကယ်အလုပ်လုပ်ပြီး Interactive ဖြစ်တဲ့ App တွေကို လွယ်လင့်တကူဆွဲနိုင်တဲ့ LLM Model သစ်အကြောင်း အသေးစိတ်ပြောပြထားပါတယ်။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ
မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ
ဒါ့အပြင် အဲဒီမော်ဒယ်သစ်ဟာ အင်မတန်ရှုပ်ထွေးတဲ့ Coding လုပ်ငန်းတွေ၊ Code Transformation, Code Editing နဲ့ Agentic Workflows ရှုပ်ရှုပ်ထွေးထွေးတွေကို တီထွင်ထုတ်လုပ်နိုင်ပြီ ဆိုပါတယ်။ တစ်နည်းပြောရရင် Google AI Studio မှာပဲ တစ်ချိန်က ရခဲ့တဲ့ လုပ်ငန်းဆောင်တာတွေကို အခု Gemini ဘက်မှာ ပြောင်းလဲအဆင့်မြှင့်ပေးလိုက်တဲ့ သဘောပါ။
Google ရဲ့ ပြောကြားချက်အရတော့ ဒီအေအိုင်မော်ဒယ်ဟာ Integrated Development Environment (IDE) နဲ့ ချိတ်ဆက်သုံးစွဲနိုင်ပြီး အက်ပ်မျက်နှာစာတွေရဲ့ စတိုင်နဲ့ ပတ်သက်တဲ့ အသေးစိတ်တွေ . . . ဥပမာ အရောင်တွေ၊ ဖောင့်တွေ၊ အလိုင်းမန်းတွေနဲ့ မာဂျင်တွေကိုပါ တစ်ခါတည်း လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။
ဉာဏ်ရည်တုမော်ဒယ်တွေ မြန်မြန်ဆန်ဆန်တိုးတက်လာပြီးတဲ့ နောက်ပိုင်းမှာ Vibe Coder လို့ ခေါ်တဲ့ အေအိုင် tools တွေပေါ် အခြေခံရင်း Coding တွေ မြန်မြန်ဆန်ဆန်ရေး၊ အက်ပ်တွေကို သာမန်ထက် မြန်အောင် ထုတ်လုပ်ကြသူတွေ ပေါ်ပေါက်လာပြီး အခု Google က မိတ်ဆက်လိုက်တဲ့ Gemini 2.5 အဆင့်မြင့်ဗားရှင်းဟာ အဲဒီလို Vibe Coder တွေအတွက် အကြိုက်တွေ့စေလောက်တယ်လို့ ဆိုပါတယ်။
Reference: Desk, W. (2025, May 7). Google updates Gemini 2.5 Pro with enhanced coding capabilities. Daily Jang. https://jang.com.pk/en/37690-google-updates-gemini-25-pro-with-enhanced-coding-capabilities-news
ဆက်စပ်ဖတ်ရှုဖို့


Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia