Google Deepmind က Gemini Robot နဲ့ Gemini Robot-ER ဆိုတဲ့ ရိုဘော့အတွက် ဉာဏ်ရည်တု နမူနာ မော်ဒယ်အသစ် နှစ်ခုကို မိတ်ဆက်လိုက်ပါပြီ။ ဒီစနစ်တွေက စက်ရုပ်တွေကို ကြိုတင်လေ့ကျင့်ပေးစရာမလိုဘဲ ရုပ်ပိုင်းဆိုင်ရာအရ ရှုပ်ထွေးတဲ့ အလုပ်တွေ လုပ်နိုင်အောင် ကူညီပေးတယ် ဆိုပါတယ်။ ဒါဟာ Google က သူတို့ရဲ့ ဉာဏ်ရည်တုကို ကမ္ဘာအစစ်ထဲ အသုံးချဖို့ ကြိုးစားတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ။

Gemini ရိုဘော့စနစ်ထဲမှာ အဓိကမော်ဒယ်နှစ်မျိုးပါဝင်ပါတယ်။ Gemini Robot ကတော့ မျက်စိနဲ့မြင်တဲ့အရာတွေကို နားလည်ဖို့၊ လူတွေရဲ့ စကားပြောဆိုမှုကို နားလည်ဖို့၊ ပြီးတော့ လက်တွေ့အလုပ်လုပ်နိုင်ဖို့ ဒီဇိုင်းဆွဲထားတာပါ။ အခြေအနေပြောင်းလဲရင်လည်း လိုက်လျောညီထွေ တုံ့ပြန်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ Gemini Robot-ER ကိုတော့ နေရာခွဲခြားသိမြင်နိုင်မှုနဲ့ ရိုဘော့တွေရဲ့ အတွေးအခေါ်စွမ်းရည်ပိုင်းကို ပိုအာရုံစိုက်ထားတာပါ။ လက်နှစ်ဖက်ပါ စနစ်ကနေ Apptronik ရဲ့ Apollo လို လူဆန်တဲ့ စက်ရုပ်တွေအထိ အမျိုးမျိုး လိုက်ဖက်အောင် အသုံးပြုနိုင်တယ် ဆိုပါတယ်။

ဒီနည်းပညာအသစ်ကြောင့် စက်ရုပ်တွေက စာရွက်ခေါက်တာ၊ နေ့လယ်စာပစ္စည်းတွေကို အိတ်ထဲထည့်တာ၊ ဖိနပ်ကြိုးချည်တာ၊ ဘတ်စကတ်ဘောလုံးကို "ဒန့်ခ်" လုပ်ပြီး သွင်းတာတွေအထိ လုပ်နိုင်ပါတယ်။ လက်တွေ့စမ်းသပ်မှုတစ်ခုမှာ စက်ရုပ်ကို "ငှက်ပျောသီးကို ဖန်ပုလင်းထဲထည့်ပါ" လို့ အမိန့်ပေးတော့ Gemini ရဲ့ စက်ရုပ်က အဲဒီပစ္စည်းနှစ်ခုလုံးကို ရှာပြီး ငှက်ပျောသီးကို ဖန်ပုလင်းထဲ ထည့်နိုင်ခဲ့ပါတယ်။ ဖန်ပုလင်းကို နေရာရွှေ့ထားတာတောင် စက်ရုပ်က အခြေအနေကို လိုက်လျောညီထွေ ဖြစ်အောင် တုံ့ပြန်နိုင်ခဲ့တာပါ။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

Google Deepmind ကတော့ အသုံးပြုသူတွေရဲ့ လုံခြုံရေးကို အထူးဂရုစိုက်တယ် ပြောပါတယ်။ Gemini စက်ရုပ်စနစ်ထဲ လုံခြုံရေးအစီအမံတွေ ထည့်ထားပြီး အန္တရာယ်ဖြစ်နိုင်တဲ့ လုပ်ဆောင်မှုတွေကို တားဖို့ နည်းတွေ ပါဝင်တယ်လို့ သိရတာပါ။ ဉာဏ်ရည်တုစက်ရုပ်တွေ တဖြည်းဖြည်းသင်ယူလာနိုင်တဲ့အခါ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကိုင်တွယ်နိုင်ဖို့ လူသားဘက်က စောင့်ကြည့်ထိန်းချုပ်နိုင်တဲ့ အစီအမံကိုလဲ မိတ်ဆက်ထားပါတယ်။

နည်းပညာကို လက်တွေ့အသုံးချဖို့တော့ Deepmind ဘက်က လုပ်ငန်းခွင်ရှိတဲ့ ကုမ္ပဏီတွေနဲ့ အဓိကပေါင်းစည်းဆောင်ရွက်နေပါတယ်။ Apptronik နဲ့ ပေါင်းပြီး လူဆန်တဲ့ စက်ရုပ်တွေထဲ အဆင့်မြင့်တဲ့ ဉာဏ်ရည်တုစနစ်တွေကို ထည့်နေတဲ့အပြင် Gemini Robot-ER ကို Agile Robots, Agility Robotics, Boston Dynamics နဲ့ Enchanted Tools အပါအဝင် ယုံကြည်ရတဲ့ စမ်းသပ်သူတွေဆီ ဖြန့်ဝေနေပြီ ဆိုပါတယ်။

Google CEO ဆန်ဒါပီချိုင်း (Sundar Pichai) ကတော့ "စက်ရုပ်နည်းပညာက ဉာဏ်ရည်တုတွေကို လက်တွေ့ကမ္ဘာထဲ ထည့်သွင်းအသုံးချဖို့ အကောင်းဆုံးနည်းပဲ" လို့ ပြောထားတာပါ။

Reference: https://www.perplexity.ai/page/google-unveils-gemini-robotics-u45LKb_NSM60RnVee2Li0g

ဆက်လက်ဖတ်ရှုဖို့

Google DeepMind နဲ့ Apptronik တို့ ပေါင်းပြီး ဉာဏ်ရည်တု လူသားစက်ရုပ်တွေ ထုတ်မယ်
လူသားဆန်ဆန် စက်ရုပ်တွေရဲ့ အကြောင်းနဲ့ ပြည့်နှက်ခဲ့တဲ့ ၂၀၂၄ ခုနှစ် အဆုံးသတ်မှာလဲ နောက်ထပ်စိတ်ဝင်စားစရာ သတင်းတစ်ခု ရှိနေပြန်ပါတယ်။ ဉာဏ်ရည်တုနည်းပညာမှာ ထိ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!