Google ကုမ္ပဏီက ဂျော်ဂျီယာတက္ကသိုလ်နဲ့ ပူးပေါင်းပြီး မျိုးရင်းလင်းပိုင်စီမံကိန်းထဲ လင်းပိုင်တွေရဲ့ အသံကို နားလည်နိုင်တဲ့ “DolphinGemma” အမည်ရ ဉာဏ်ရည်တု (AI) မော်ဒယ်တစ်ရပ်ကို မိတ်ဆက်လိုက်ပါပြီ။ ဒီနည်းပညာသစ်ဟာ လင်းပိုင်တွေရဲ့ အသံကို လေ့လာဆန်းစစ်နိုင်ရုံတင် မကဘဲ လင်းပိုင်တွေရဲ့ ဘာသာစကားကိုပါ တုပပြောဆိုနိုင်တယ် ဆိုပါတယ်။ ဒီလိုနဲ့ လူသားတွေနဲ့ လင်းပိုင်လို ဉာဏ်ရည်မြင့် သက်ရှိတွေကြား ဆက်သွယ်မှုကွာဟချက်တွေကို ကျော်လွှားနိုင်တော့မယ်လို့ ထင်ကြေးတွေ တွင်တွင်ကျယ်ကျယ် ပေးနေကြပါပြီ။

လူတွေမှာ နာမည်ရှိသလို လင်းပိုင်တွေမှာလဲ ကိုယ်ပိုင်အသံတွေ သီးသန့်ရှိကြပါတယ်။ ဒီသီးသန့်အသံတွေက တစ်ကောင်နဲ့ တစ်ကောင် တူလေ့မရှိဘဲ အချင်းချင်းဆက်သွယ်နိုင်ဖို့နဲ့ အုပ်စုလိုက်ဆောင်ရွက်မှုတွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတာပါ။ လင်းပိုင်တိုင်းမှာ ထူးခြားတဲ့ အသံလှိုင်းပုံစံတွေ ရှိတာမို့ တစ်ကောင်နဲ့ တစ်ကောင် ခွဲခြားသိနိုင်ပြီး တည်နေရာရှာတာ၊ မိခင်နဲ့ သားသမီးတွေကြား ဆက်သွယ်တာနဲ့ လင်းပိုင်အချင်းချင်း ဆိုရှယ်ဆက်ဆံရေးတွေမှာ သုံးကြပါတယ်။ နမူနာ၊ လင်းပိုင်အထီးတွေ အချင်းချင်းညှိပြီး လင်းပိုင်မတွေနောက် ဝိုင်းပိုးပန်းတာမျိုးဆိုရင် ဒီအသံတွေက အတော်လေး အရေးပါတာပါ။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ

မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ။

Google က မိတ်ဆက်လိုက်တဲ့ DolphinGemma ကတော့ Parameter သန်းပေါင်း ၄၀၀ ကျော်ပါဝင်တဲ့ ဉာဏ်ရည်တုမော်ဒယ်ဖြစ်ပြီး Google Pixel ဖုန်းတွေပေါ်မှာတင် လည်ပတ်နိုင်လို့ သုတေသီတွေဟာ ကွင်းဆင်းလေ့လာရင်းနဲ့တင် လင်းပိုင်သံတွေကို အချိန်နဲ့တပြေးညီ ခွဲခြမ်းစိတ်ဖြာနိုင်ပါပြီ။ ဒီချဉ်းကပ်မှုဟာ Wild Dolphin Project အဖွဲ့ကို ကွင်းဆင်းနေရာမှာတင် လင်းပိုင်အသံတွေကို စစ်ဆေးနိုင်စေပြီး သူတို့ရဲ့ သုတေသနလုပ်ငန်းတွေကို အများကြီး အရှိန်မြှင့်ပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့် လိုအပ်တဲ့ ကိရိယာတွေ ဒါမှမဟုတ် cloud ကနေ ချိတ်ဆက်ရတာမျိုး မရှိတော့ဘဲ လင်းပိုင်တွေရဲ့ အသံပုံစံတွေကို ခွဲခြားသိရှိနိုင်သလို နောက်ထပ် ဘယ်လိုအသံ ဆက်ထွက်လာမလဲဆိုတာကိုလဲ ခန့်မှန်းနိုင်ပါတယ်။ ဒီအဆင့်မြင့်နည်းပညာဟာ လင်းပိုင်တွေနဲ့ လူသားတွေကြား နှစ်ဦးနှစ်ဖက် ဆက်သွယ်နိုင်မဲ့ လမ်းကြောင်းသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်တာပဲလို့တော့ ပညာရှင်တွေက မှတ်ချက်ပြုပါတယ်။

Reference: https://www.perplexity.ai/page/google-releases-ai-model-to-de-zvPfGzw_R_WMno70yLL4Cw

ဆက်လက်ဖတ်ရှုဖို့

Google ဉာဏ်ရည်တုစနစ်က ရှုပ်ထွေးတဲ့ရုပ်ပုံတွေကို စိစစ်နိုင်ပြီ
Google’s AI Mode has introduced a feature allowing users to ask complex questions about images they upload or capture, leveraging the combined power of Google Lens and Gemini technology.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!