Google ကုမ္ပဏီဟာ ရုပ်ပုံတွေကို အသေးစိတ်စိစစ်လေ့လာနိုင်တဲ့ AI Mode စနစ်သစ်တစ်ခုကို မိတ်ဆက်လိုက်တယ်လို့ ဆိုပါတယ်။ Google Lens နဲ့ Gemini က နည်းပညာတွေကို ပေါင်းစပ်ထားတဲ့ ဒီစနစ်သစ်ဟာ ရုပ်ပုံတွေထဲက အသေးစိတ်အချက်အလက်တွေကို နားလည်နိုင်ပြီး ရှုပ်ထွေးတဲ့မေးခွန်းတွေကို ပြည့်ပြည့်စုံစုံ ပြန်ဖြေဆိုပေးနိုင်တယ်လို့ သိရတာပါ။

အသုံးပြုသူတွေအနေနဲ့ ဓာတ်ပုံအသစ်တွေ ရိုက်ယူတင်ပြနိုင်သလို ရှိပြီးသားပုံတွေကိုတင်ပြီးလဲ မေးခွန်းတွေ မေးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ စာအုပ်စင်တစ်ခုရဲ့ဓာတ်ပုံကို ပြပြီး အဲဒီစာအုပ်တွေနဲ့ဆင်တူတဲ့ စာအုပ်တွေကို အကြံပြုပေးဖို့ မေးနိုင်ပါတယ်။ Google AI ဘက်က ပုံထဲက အရာဝတ္ထုတွေနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို နားလည်နိုင်တဲ့အပြင် ဝယ်ယူနိုင်ဖို့ပါ ကူညီမှာပါ။

ဒီစနစ်မှာ Google Lens ရဲ့ ရုပ်ပုံစိစစ်နိုင်စွမ်းနဲ့ Gemini ရဲ့ ဘာသာစကားနားလည်နိုင်တဲ့ စွမ်းရည်တွေကို ပေါင်းစပ်ထားလို့ သာမန်ပုံရှာဖွေရေးစနစ်တွေထက် ပိုအဆင့်မြင့်တယ် ဆိုပါတယ်။ လက်ရှိမှာ ဒီအေအိုင်ကို Google One AI Premium သုံးစွဲသူတွေနဲ့ အမေရိကန်နိုင်ငံက Google Labs သုံးစွဲသူ သန်းပေါင်းများစွာအတွက် စမ်းသပ်အသုံးပြုခွင့် ပေးထားပါတယ်။ Web browser တွေ၊ iOS နဲ့ Android မိုဘိုင်းအက်ပ်တွေကနေ အသုံးပြုနိုင်ပြီး ရရှိလာတဲ့ တုံ့ပြန်ချက်တွေပေါ်မူတည်ရင်း နောက်ပိုင်းမှာ အသုံးပြုသူ ပိုများလာအောင် တိုးချဲ့သွားမယ်လို့လဲ သိရတာပါ။

ChatGPT Search လို အဆင့်မြင့်ရှာဖွေရေးစနစ်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ဒီနည်းပညာသစ်ကို Google က မိတ်ဆက်လိုက်တာလဲ ဖြစ်ပါတယ်။

ရုပ်ပုံတွေကို နက်နက်နဲနဲ နားလည်နိုင်ပြီး ရှုပ်ထွေးတဲ့မေးခွန်းတွေကို ဖြေဆိုနိုင်တဲ့ ဒီစနစ်ဟာ Google အတွက်တော့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားတာပါ။

Reference: Google’s AI analyzes complex image questions. (n.d.). Perplexity AI. https://www.perplexity.ai/page/google-s-ai-analyzes-complex-i-t9y3oZs5T9643xF6kYCP5Q

အသိပေးမှု

ဒီအပတ်တွေထဲ သတင်းတင်ဆက်မှုတွေ ရပ်တန့်နေခဲ့လို့ Build Myanmar - Media ရဲ့ ဖတ်ရှုသူတွေကို အနူးအညွတ်တောင်းပန်ပါတယ်။ ဧပြီပထမအပတ်က စလို့ သတင်းကဏ္ဍကို ပုံမှန်ပြန်လည်တင်ဆက်သွားပါမယ်။

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!