နာမည်ကြီး ပရဟိတအဖွဲ့အစည်း Bill & Melinda Gates Foundation Trust က သူတို့ပိုင်ဆိုင်တဲ့ Microsoft ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ပမာဏခပ်များများ ရောင်းထုတ်လိုက်ပါတယ်။ ၂၀၂၅ ခုနှစ်၊ သုံးလပတ်မြောက်ထဲမှာ ရှယ်ယာ ၁၇ သန်း ကို ရောင်းခဲ့တာမို့ Microsoft မှာ သူတို့ရဲ့ ရှယ်ယာပမာဏက ၆၅% နီးပါး လျော့သွားခဲ့တာပါ။ Microsoft ကို ပူးတွဲတည်ထောင်တဲ့ Bill Gates ကိုယ်တိုင် ပါဝင်တဲ့ ဖောင်ဒေးရှင်းအတွက် ဒီလို လုပ်ဆောင်တာဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ရှယ်ယာလျှော့ချမှုတွေထဲက တစ်ခုပါပဲ။

ဒီလိုရောင်းလိုက်တာကြောင့် ဖောင်ဒေးရှင်းရဲ့ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ Microsoft ရဲ့ ဝေစုက ၂၇% ကျော်ကနေ ၁၃% သာ ကျန်တော့ပေမဲ့ လက်ရှိတန်ဖိုး ဒေါ်လာ ၄.၇၆ ဘီလျံ ရှိတဲ့ ရှယ်ယာ ၉.၂ သန်း ကိုတော့ ဆက်ကိုင်ထားဆဲပါ။ ရောင်းလိုက်တဲ့ ရှယ်ယာတွေရဲ့ တန်ဖိုးဟာ ခန့်မှန်းခြေ ဒေါ်လာ ၈.၇ ဘီလျံ လောက် ရှိခဲ့ပါတယ်။

ဒီလောက်များတဲ့ ရှယ်ယာတွေကို ရောင်းထုတ်တာက Microsoft ရဲ့ စီးပွားရေး အခြေအနေကို စိုးရိမ်လို့ မဟုတ်ပါဘူး။ ဒါဟာ ဖောင်ဒေးရှင်းရဲ့ ငွေကြေးစီမံခန့်ခွဲမှု မဟာဗျူဟာ အရ လုပ်ဆောင်တာ ဖြစ်ပါတယ်။ Microsoft ရှယ်ယာစျေးတွေဟာ ဖောင်ဒေးရှင်းကနေ စဝယ်ယူပြီးချိန်ကတည်းက နှစ်ဆနီးပါး တက်လာခဲ့လို့ အမြတ်ထုတ်တဲ့ သဘောလဲ ပါဝင်တာပါ။ Microsoft ရဲ့ Azure Cloud နဲ့ AI ဝန်ဆောင်မှုတွေကြောင့် ရှယ်ယာစျေးတွေ ဆက်တိုက်တက်နေချိန်မှာ ရောင်းထုတ်လိုက်တာပါ။

လေ့လာ၊ ချိတ်ဆက်၊ တိုးတက် - TalentOS

ဘယ်လောက်ပဲ ကြိုးစားနေနေ အခွင့်အရေးတွေ ရှားပါးလာတယ်လို့ လူငယ်အများစု ခံစားနေကြရမှာပါ။

ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ TalentOS ရောက်ရှိလာပါပြီ။

TalentOS ဆိုတာ ဒေါ်လာနဲ့ရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်ပြီး CV form တွေ၊ Resume တွေ မလိုအပ်ပါဘူး။ TalentOS မှာရှိတဲ့ Mission တွေထဲက ကိုယ်ကြိုက်တာကို ရွေးလုပ်၊ ပြီးသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ Result ကို ပြန်တင်လိုက်ရုံနဲ့ သင့် Profile မှာ လက်တွေ့လုပ်ပြထားတဲ့ သက်သေအဖြစ် မှတ်တမ်းဝင်နေမှာပါ။

ဒီ Profile ကို TalentOS ပေါ်က လုပ်ငန်းရှင်တွေ၊ Employer တွေကလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေက Bounty လို့ခေါ်တဲ့ ဒေါ်လာနဲ့ရမယ့် အလုပ်တွေကိုလည်း ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို လက်တွေ့ချပြနိုင်တယ်။ နိုင်ရင် ဆုကြေးရမယ်။ ရိုးရှင်းပါတယ်။

TalentOS နဲ့အတူ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ဖို့ အခုပဲ Play Store/ App Store မှာ Download ရယူလိုက်ပါ။

ဒီကိုနှိပ်ပါ

ဒီလိုရောင်းချတာဟာ Bill Gates ရဲ့ ရေရှည်စီမံကိန်းနဲ့လဲ ဆက်စပ်နေပါတယ်။ သူက သူ့ရဲ့ စုစုပေါင်းကြွယ်ဝမှု ဒေါ်လာ ၁၀၆ ဘီလျံ ရဲ့ ၉၉% ကို လှူဒါန်းသွားဖို့ ရည်ရွယ်ထားတာပါ။ ဖောင်ဒေးရှင်းက နှစ်စဉ် လှူဒါန်းမှုတွေကို ဒေါ်လာ ၉ ဘီလျံ အထိ တိုးမြှင့်ဖို့ စီစဉ်နေတာကြောင့် လှူဖို့အတွက် လိုအပ်တဲ့ ငွေသားတွေကို ရဖို့ရာ ဒေါ်လာ ၄၉ ဘီလျံ ရှိတဲ့ ရင်းနှီးမြှုပ်နှံမှု အစုစုကနေ ရှယ်ယာတချို့ ရောင်းထုတ်ပြီး ငွေသားအဖြစ် ပြောင်းလဲနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ Microsoft ရှယ်ယာကို အကြီးအကျယ် လျှော့ချခဲ့ပေမဲ့လည်း ဖောင်ဒေးရှင်းရဲ့ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ၆၇% ခန့်က Berkshire HathawayWaste Management နဲ့ Canadian National ဆိုတဲ့ ရှယ်ယာကြီး သုံးခုမှာပဲ စုစည်းနေဆဲ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

References: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/gates-foundation-slashes-micro-TcGu7uNgTWatSviuaa5MMg

ဆက်စပ်ဖတ်ရှုဖို့

Microsoft က OpenAI ပေါ် မှီခိုရမှု လျှော့ချဖို့ ကိုယ်ပိုင် AI Models တွေ စထုတ်လုပ်
Microsoft has launched its first AI models, aiming to reduce its reliance on OpenAI and intensify competition in the market.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia 

Share this article
The link has been copied!