ဒစ်စနေးသုတေသနအဖွဲ့ကနေ လူတွေရဲ့ မျက်နှာပေးနဲ့ ဆင်တူလှုပ်ရှားနိုင်တဲ့ စက်ရုပ်မော်ဒယ်တစ်ရပ် စတင်မိတ်ဆက်လိုက်ပါပြီ။ ဒီစက်ရုပ်မော်ဒယ်က အပေါ်ယံအရေပြား မပါလို့ Terminator ရုပ် ပေါက်နေပေမဲ့ မျက်တောင်ခတ်တာလို၊ ခေါင်းခါ/လှုပ်တာလို လှုပ်ရှားမှုမျိုး ဆောင်ရွက်နိုင်တာပါ။ နမူနာ၊ ဒီစက်ရုပ်မှာ ပါတဲ့ ဆင်ဆာက သူ့ရှေ့မှာ လူတစ်ယောက် ရှိနေတယ်ဆိုရင် အဲဒီလူနဲ့ အကြည့်ချင်း အဆက်အသွယ်ပြု လှုပ်ရှားနိုင်ပြီး ခေါင်းကိုလဲ လူသားတစ်ယောက်ရဲ့ ပုံမှန်လုပ်နေကျ အပြုအမူလို အစောင်းအငဲ့ လုပ်နိုင်ပါတယ်။
ဒီစက်ရုပ်ကို နာမည်ကြီး ဒစ်စနေးကုမ္ပဏီရဲ့ သုတေသနဌာနခွဲရယ် အီလီနွိုက်တက္ကသိုလ်ရဲ့ ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်တို့က စက်ရုပ်ကျွမ်းကျင်ပညာရှင်တွေ ပူးပေါင်းထုတ်လုပ်ထားတာပါ။ သူတို့ရဲ့ ရည်ရွယ်ချက်က စက်ရုပ်တစ်ခုကနေ လူသားတွေကို သဘာဝကျကျ ပြောဆိုဆက်သွယ်နိုင်ဖို့နဲ့ လူတစ်ယောက်ရဲ့ အပြုအမူအတိုင်း မျက်လုံးရွေ့လျားမှု ဆောင်ရွက်နိုင်အောင် ဖြစ်ပါတယ်။
ဒစ်စနေးရဲ့ သုတေသနပညာရှင်တွေက နေ့စဉ်လူမှုဘဝ ဆက်ဆံရေးမှာ မျက်လုံးချင်း အဆက်အသွယ်ပြုမှု (Eye contact) က အင်မတန်အရေးပါကြောင်းနဲ့ ဒီအပြုအမူလေးကပဲ တစ်ယောက်နဲ့ တစ်ယောက်ကို ပိုယုံကြည်ရစေတဲ့ ခံစားချက်မျိုး ပေးကြောင်း ပြောသွားတာပါ။ သူတို့အနေနဲ့လဲ ဒီနည်းပညာကို ဒစ်စနေးပန်းခြံတွေမှာ ရှိတဲ့ အန်နီမေးရှင်းကာရိုက်တာတွေထဲ ထည့်သွင်းနိုင်ဖို့ မျှော်လင့်ကြောင်း ဆိုပါတယ်။
လောလောဆယ်တော့ ဒီစက်ရုပ်ရဲ့ အသွင်သဏ္ဍာန်က တစ်မျိုး ဖြစ်နေပေမဲ့ မျက်လုံးလှုပ်ရှားမှုပိုင်းမှာ အတော်လေးရှေ့ရောက်အောင် အဆင့်မြင့် Eye-tracking နည်းပညာတွေ သုံးထားလို့ လူတွေနဲ့ ပြောဆိုရာမှာ သဘာဝအတော်ကျနေပါပြီ။ ထုတ်လုပ်ရေးဘက်ကတော့ အရေပြားနဲ့ တူတဲ့ အပေါ်ယံလွှာတစ်ခုကို တပ်ပေးထားလို့ ပုံမှာ မြင်ရသလို ကြောက်စရာ အသွင်အပြင်တော့ လျော့သွားမယ် မျှော်လင့်ရပါတယ်။
Reference: Lyons, K. (2020, November 1). Disney’s new skinless robot can blink like a human because why not. The Verge. https://www.theverge.com/2020/11/1/21544341/disney-skinless-robot-blink-human-robotics
Build Myanmar - MediaMin Z
Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်
📌Facebook https://www.facebook.com/buildmyanmar
📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
📌LinkedIn https://www.linkedin.com/showcase/build-myanmar/
📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx
📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
Inquiry - support@buildmyanmar.com