Google ကုမ္ပဏီဟာ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီ startup Wiz ကို အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံခန့်နဲ့ ဝယ်ယူမယ်လို့ ထုတ်ပြန်ကြေညာခဲ့တာကို Reuters သတင်းမှာဖော်ပြထားပါတယ်။
ဒါဟာ Google ကုမ္ပဏီသက်တမ်းတစ်လျှောက် တန်ဖိုးအများဆုံး ဝယ်ယူမှုဖြစ်ပြီး ဆိုက်ဘာလုံခြုံရေးကို အရှိန်မြှင့်ဆောင်ရွက်ဖို့လည်းဖြစ်ပါတယ်။
Wiz ကုမ္ပဏီဟာ နယူးယောက်အခြေစိုက် cloud security startup ကုမ္ပဏီ တစ်ခုဖြစ်ပြီး ကုမ္ပဏီကို ၂၀၂၀ ပြည့်နှစ်အတွင်းက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Wiz ကို ဝယ်ယူတာက Amazon နဲ့ Microsoftတို့ထက်နောက်ကျနေတဲ့ Googleရဲ့ cloud-computing လုပ်ငန်းကိုအရှိန်မြှင့်တင်နိုင်ဖို့အတွက်ဖြစ်ပါတယ်။
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Microsoftမှာများပြားလှတဲ့ဆိုက်ဘာလုံခြုံရေးကိရိယာတွေရှိနေပေမယ့် Azure cloud လုပ်ငန်းကဟက်ကာတိုက်ခိုက်မှုတွေကြောင့်အခက်အခဲများစွာကြုံတွေ့နေရတာဖြစ်ပါတယ်။လျင်မြန်စွာကြီးထွားလာတဲ့ ဆိုက်ဘာလုံခြုံရေးစျေးကွက်ကိုအမှီလိုက်ဖို့အတွက် ကုမ္ပဏီက အခုလိုဘီလီယံများစွာကုန်ကျခံပြီး Wiz ကို ဝယ်ယူမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းက Google ဟာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Mandiant ကို အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံ နဲ့ ဝယ်ယူခဲ့ပါသေးတယ်။ Mandiant ဟာ နိုင်ငံပိုင်ကွန်ပြူတာဟက်ကာတိုက်ခိုက်မှုတွေကို ရှာဖွေဖော်ထုတ်ရာမှာ ကမ္ဘာတစ်ဝှမ်းမှ အသိအမှတ်ပြုခံထားရတာဖြစ်ပါတယ်။ Mandiant ဟာ Google ရဲ့ cloud computing လုပ်ငန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာပါတယ်။
ဆက်စပ်ဖတ်ရှုလိုလျှင်
https://www.reuters.com/markets/deals/google-parent-close-23-billion-deal-buy-cybersecurity-startup-wiz-wsj-reports-2024-07-14/#:~:text=Google%20parent%20in%20talks%20to%20buy%20cybersecurity%20startup%20Wiz%20for%20%2423%20billion
Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar
📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
📌LinkedIn https://www.linkedin.com/showcase/build-myanmar/
📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx
📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
Inquiry - support@buildmyanmar.com
#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia