TikTok ကို မိခင်ကုမ္ပဏီ ByteDance က ဇန်နဝါရီ ၁၉ ရက်နေ့မတိုင်ခင် မရောင်းချဘူးဆိုရင် အမေရိကန်ပြည်ထောင်စုမှာ အသုံးပြုခွင့် ပိတ်ပင်ခံရဖို့ ရှိပါတယ်။
အခုတော့ ဒီပြဿနာကို ဖြေရှင်းဖို့ တရုတ်အစိုးရတာဝန်ရှိသူတွေက TikTok ရဲ့ အမေရိကန်ဘက်ခြမ်းကို အီလွန်မက်စ်ဆီ ရောင်းချဖို့ စဉ်းစားနေတယ်လို့ သတင်းရင်းမြစ်တွေ ပြောတာအရ သိရပါတယ်။
တရုတ်အစိုးရဟာ TikTok ကို မိခင် ByteDance လက်အောက်မှာပဲ ဆက်ရှိနေစေချင်တဲ့အပြင် ကုမ္ပဏီကလဲ အမေရိကန် ဗဟိုတရားရုံးချုပ်မှာ အယူခံဝင်နေတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်က တရားသူကြီးတွေရဲ့ ဆွေးနွေးချက်အရ ပိတ်ပင်မဲ့ဥပဒေကို အတည်ပြုဖို့ အလားအလာများနေပါပြီ။
ဒီ့အတွက်ကြောင့် တရုတ်အစိုးရထိပ်ပိုင်းတွေက ထရမ့်နဲ့ ဆက်ဆံရေးပိုင်းအပါအဝင် အနာဂတ်အစီအစဉ်တွေ၊ နောက် TikTok ရဲ့ ရှေ့ရေးကို စိုးရိမ်ပူပန်နေကြပြီး အပူတပြင်းဆွေးနွေးနေရတယ်လို့လဲ သိရပါတယ်။ တကယ်လို့ ByteDance ကသာ TikTok ကို ရောင်းချမယ်ဆိုရင် တရုတ်အစိုးရရဲ့ သဘောတူညီမှု လိုအပ်မှာဖြစ်ပြီး ထရမ့်နဲ့ နီးစပ်တဲ့ မက်စ်နဲ့ အရောင်းအဝယ်လုပ်နိုင်မယ်ဆိုရင်လဲ လက်သင့်ခံလို့ ရကြောင်း ဆိုထားတာပါ။
တရုတ်အစိုးရက ဆွေးနွေးနေတာအရတော့ မက်စ်ရဲ့ X (ယခင်တွစ်တာ) က TikTok ရဲ့ အမေရိကန်လုပ်ငန်းခွဲကို လက်လွှဲယူပြီး အတူတကွလည်ပတ်မဲ့ ပုံစံ ပါဝင်ပါတယ်။ အမေရိကန်မှာ အသုံးပြုသူ သန်း ၁၇၀ ကျော်ရှိတဲ့ TikTok က X ရဲ့ ဝင်ငွေရလမ်းတစ်ခု ဖြစ်လာနိုင်သလို အီလွန်မက်စ်ခ်ရဲ့ xAI အတွက်လဲ အကျိုးရှိနိုင်တာပါ။
လက်ရှိရွေးကောက်ခံထားရပြီး မကြာခင်အိမ်ဖြူတော် တက်တော့မဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ကတော့ TikTok ဘမ်းခံရမဲ့ကိစ္စအပေါ် သူနဲ့ ညှိနှိုင်းခွင့်ပြုဖို့ အမေရိကန်တရားရုံးချုပ်ကို အဆိုပြုထားပါတယ်။ အဲဒီတင်သွင်းလာတဲ့ အဆိုထဲမှာ ထရမ့်က တရားရုံးကို သူသမ္မတဖြစ်တာနဲ့ တစ်ပြိုင်နက် ဒီပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ပြေလည်အောင် ဖြေရှင်းမယ်လို့ ပြောထားတာပါ။
Reference: Bloomberg News. (2025, January 14). China weighs sale of TikTok US to Musk as a possible option. Yahoo Finance.
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia