တရုတ်နိုင်ငံက အမေရိကန်ဘက်က တန်ပြန် ပြန်သတ်မှတ်လာတဲ့ စည်းချက်ခွန်တွေအားလုံးကို "လုံးဝ ပယ်ဖျက်ပေးဖို့" ဧပြီ ၁၄ ရက်နေ့မှာပဲ တောင်းဆိုလိုက်ပါတယ်။ အမေရိကန်က မကြာသေးခင်က တရုတ်ကနေ တင်သွင်းတဲ့ ပစ္စည်းတွေအပေါ် ရာနှုန်းပြည့် ၁၄၅% ထိ စည်းကြပ်ခွန်တွေ တပ်ထားရာကနေ အီလက်ထရောနစ် ပစ္စည်းတချို့ကို ကင်းလွတ်ခွင့်ပေးလိုက်တဲ့အတွက် တရုတ်ဘက်က ဒီလို တိုက်တွန်းလိုက်တာ ဖြစ်တယ်လို့ CNBC နဲ့ AFP သတင်းဌာနတွေရဲ့ အစီရင်ခံချက်အရ သိရတာပါ။

ထရမ့်အစိုးရက တရုတ်ပစ္စည်းတွေအပေါ် နဂိုနှုန်းထားကနေ ၁၄၅% ထိ အခွန်တွေ တိုးမြှင့်လိုက်တာဟာ အမေရိကန်ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူတွေအပေါ် သက်ရောက်မှု အများကြီး ရှိနိုင်ပြီး လုပ်ငန်းငယ်တွေအတွက် "ပြန်ကုစားဖို့ မလွယ်တဲ့" ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးနေကြပါတယ်။ တကယ်တော့ ဒီလိုအခွန်များနေတာက နိုင်ငံနှစ်ခုကြား ကုန်သွယ်မှုကို ရပ်တန့်သွားစေနိုင်သလို ကုမ္ပဏီတွေအနေနဲ့ ကုန်ကျစရိတ်တွေကို ကာမိဖို့ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးကို ဆထက်တိုးရောင်းပြီး စီးပွားရေးဟန်ချက်ကို ပျက်စေနိုင်တယ်လို့ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်နေပါတယ်။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ

မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ။

တရုတ်နိုင်ငံကလဲ အမေရိကန်ကို လက်တုံ့ပြန်ဖို့ အမေရိကန်တင်ပို့ကုန်တွေအပေါ် စည်းကြပ်ခွန်ကို ၈၄% ကနေ ၁၂၅% အထိ တိုးမြှင့်လိုက်ပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ကတည်းက စအကျုံးဝင်နေပါပြီ။

တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ အမေရိကန်အစိုးရဘက်က စည်းကြပ်ခွန်တွေကို ဒီ့ထက် ပိုပြီး ရာခိုင်နှုန်း တိုးမြှင့်လာမယ်ဆိုရင်လဲ အခြေအနေ မထူးတော့ကြောင်း၊ လက်ရှိအခွန်နှုန်းထားမှာတင် အမေရိကန်ပစ္စည်းတွေကို ဝယ်သူမရှိတော့လောက်အောင် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောလာပါတယ်။ အခုလို နှစ်နိုင်ငံစလုံးကနေ အခွန်တွေ အလွန်အမင်းတိုးလာတာဟာ ကမ္ဘာ့ဈေးကွက်စီးပွားရေးကို မတည်မငြိမ် ဖြစ်စေနိုင်သလို စီးပွားရေးဟန်ချက်တွေ ထိခိုက်နှောင့်နှေးနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလဲ တိုးပွားလာနေပါတယ်။

Reference: China urges US to cancel tariffs. (n.d.). Perplexity AI. https://www.perplexity.ai/page/china-urges-us-to-cancel-tarif-K3T27juxQFClFd.tNJxMyA

ဆက်လက်ဖတ်ရှုဖို့

ဒေါ်လာဘီလျံ ၂၅၀ ရှုံးသွားတဲ့ Apple
Apple shares fell 3% on Thursday and are down over 5% for the week due to reports of an iPhone ban for Chinese state employees by Beijing.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!