Politico အပါအဝင် ကမ္ဘာ့ထိပ်တန်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အမေရိကန်အစိုးရရဲ့ ငွေတိုက်ဦးစီးဝန်ကြီးဌာနကို တရုတ်ကျောထောက်နောက်ခံ ဟက်ကာတွေက ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ် ဆိုပါတယ်။ တိုက်ခိုက်သူတွေဟာ ဝန်ကြီးဌာနရဲ့ Workstation တွေအပါအဝင် အမျိုးအစားခွဲခြားမရတဲ့ စာရွက်စာတမ်းတွေကို အင်တာနက်ကနေ ရယူသွားတယ်လို့ သိရတာပါ။

BeyondTrust အမည်ရ အွန်လိုင်းပေါ်က တစ်ဆင့် နည်းပညာဆိုင်ရာ အကူအညီတွေ ပေးတဲ့ ပြင်ပကုမ္ပဏီတစ်ခုကနေ ဝန်ကြီးဌာနဆီကို လုံခြုံရေးကျိုးပေါက်မှုဖြစ်ပေါ်ကြောင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က လှမ်းအကြောင်းကြားရာကနေ ဆိုက်ဘာတိုက်ခိုက်ခံနေရတာကို သိတယ် ဆိုပါတယ်။

ကုမ္ပဏီရဲ့ ပြောကြားချက်အရ ဆိုက်ဘာတိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့တဲ့ ဟက်ကာတွေဟာ တရုတ်အစိုးရရဲ့ အထောက်အပံ့ကို ရယူထားပြီး BeyondTrust ရဲ့ API က တစ်ဆင့် ငွေတိုက်ဦးစီးဌာနရဲ့ ဒေတာဘေ့စ်တွေနဲ့ Workstation တွေကို ဝင်ရောက်ခဲ့တာပါ။

ဝန်ကြီးဌာနအနေနဲ့ လုံခြုံရေးကျိုးပေါက်မှုအပေါ် စုံစမ်းနေဆဲဖြစ်ပြီး လက်ရှိမှာတော့ ဟက်ကာတွေ ဝင်ရောက်နိုင်စွမ်း မရှိတော့ဘူး ဆိုပါတယ်။

တရုတ်ဟက်ကာတွေက BeyondTrust ပလက်ဖောင်းရဲ့ နည်းပညာပိုင်းအရ အားနည်းနေတဲ့ ပျော့ကွက်နေရာကို အဓိကပစ်မှတ်ထားတိုက်ခိုက်ပြီး လုံခြုံရေးစနစ်ထဲ ထိုးဖောက်ဝင်ရောက်ခဲ့တာပါ။ အဲဒီကနေ BeyondTrust က ဝန်ဆောင်မှုပေးနေတဲ့ အမေရိကန်အစိုးရ ငွေတိုက်ဦးစီးဌာနထဲ ဝင်နိုင်ခဲ့ပါတယ်။ အဆိုပါ လုံခြုံရေးကျိုးပေါက်မှုကို BeyondTrust က သိသိချင်းမှာပဲ ဝန်ဆောင်မှုအကုန်လုံး ခေတ္တပိတ်ချလိုက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့လဲ သိရပါတယ်။

Reference: Treasury Department hacked. (n.d.). Perplexity AI. https://www.perplexity.ai/page/treasury-department-hacked-_u.YGcVQQkGe8AsE.TZ4Og

ဆက်လက်ဖတ်ရှုဖို့

TikTok ကို ”ရောင်းရင်ရောင်း၊ မရောင်းရင် ဘမ်းမယ်”ဆိုတဲ့ US
A federal appeals court upheld a law requiring China-based ByteDance to sell the popular social media app TikTok or face an effective ban in the United States.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!