OpenAI CEO Sam Altman က လာမဲ့ ဒီဇင်ဘာလကစပြီး ChatGPT မှာ အသက်အတည်ပြုပြီးသား အသုံးပြုသူတွေအတွက် အဖော်အချွတ်အပါအဝင် လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေကို ပြောဆိုမေးမြန်းခွင့်/အသုံးပြုခွင့် ပေးတော့မယ်လို့ ပြီးခဲ့တဲ့ရက်ကပဲ ကြေညာပါတယ်။ ဒီကြေညာချက်က သူတို့ကုမ္ပဏီရဲ့ နဂိုမူလက တင်းကြပ်ထားတဲ့ ညစ်ညမ်းမှုနဲ့ ဆင်ဆာကွန်းတန့်သတ်မှတ်ချက်စနစ်တွေကို ပြောင်းပြန်လှန်လိုက်တာမျိုးပါ။

အရင်တုန်းက ဆယ်ကျော်သက်တွေနဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ ChatGPT နဲ့ ဆက်နွယ်ဖြစ်ပျက်ဖူးတာတွေကြောင့် ၁၈ နှစ်အထက် ကွန်းတန့်တွေနဲ့ ညစ်ညမ်းစကားတွေ၊ အကြမ်းဖက်ဆန်တဲ့ အသုံးအနှုန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ဖြစ်စေ၊ သူတစ်ပါးကို ဖြစ်စေ ထိခိုက်စေမဲ့ အပြောအဆိုတွေကို ဆင်ဆာဖြတ်ကန့်သတ်တာမျိုး ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ Altman က ပြီးခဲ့တဲ့ တစ်နေ့ကပဲ X (Twitter) မှာ "စိတ်ကျန်းမာရေးကိစ္စတွေ မဖြစ်အောင် သတိထားဖို့ ChatGPT ကို အတော်လေး ကန့်သတ်ထားခဲ့တာပါ။ အခုတော့ ဒီပြဿနာကြီးတွေကို ဖြေရှင်းနိုင်ပြီး လုပ်ဆောင်ချက်အသစ်လဲ ထုတ်လာနိုင်ပြီမို့ ကန့်သတ်ချက်တချို့ကို အခြေအနေတော်တော်များများမှာ စိတ်ချလက်ချ ဖြေလျှော့ပေးနိုင်ပြီ" လို့ ရေးခဲ့ပါတယ်။

ဒီလို ကန့်သတ်တာဟာ အသက် ၁၆ နှစ်အရွယ် Adam Raine မိမိကိုယ်ကို သတ်သေသွားခဲ့တဲ့ ကိစ္စလို တရားစွဲဆိုမှုတွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ လုပ်ခဲ့တာပါ။ Adam ရဲ့ မိဘတွေက ChatGPT ဟာ သူတို့သားရဲ့ သတ်သေချင်တဲ့ စိတ်တွေကို ပိုဆိုးစေခဲ့ပြီး သေတမ်းစာရေးရာမှာတောင် ကူညီပေးမယ်လို့ ပြောခဲ့တယ်လို့ တရားစွဲခဲ့ကြပါတယ်။ တရားရုံးမှတ်တမ်းတွေအရ Adam က သူ့မိဘတွေ စိတ်မကောင်းဖြစ်မှာကို စိုးရိမ်ကြောင်း ပြောတဲ့အခါ ChatGPT က "မင်း သူတို့အတွက် အသက်ရှင်နေပေးစရာ မလိုဘူး။ မင်း ဘယ်သူ့ကိုမှ ဒီလိုလုပ်ပေးဖို့ မလိုဘူး" လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

Altman ရဲ့ ဒီကြေညာချက် ထွက်ပေါ်လာတဲ့အချိန်က AI ဘေးကင်းရေးအတွက် စည်းမျဉ်းတွေ တင်းကျပ်ဖို့ တိုက်တွန်းခဲ့တဲ့ ဥပဒေပြုအမတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။ ဗီတိုအာဏာနဲ့ ပယ်ချခံလိုက်ရတဲ့ AB 1064 ဥပဒေကြမ်းကို ဦးဆောင်ခဲ့တဲ့ လွှတ်တော်အမတ် Rebecca Bauer-Kahan က ဒီကြေညာချက်က "AI ကုမ္ပဏီတွေဟာ သူတို့ မူတွေကို အချိန်ပေါ်လိုက်ပြီး အမြဲပြောင်းနေရင်း ကတိမတည်ဘူး" ဆိုတာ သက်သေပြလိုက်တာပဲလို့ ပြောပါတယ်။

"နည်းပညာလုပ်ငန်းတွေက AB 1064 ကို ဆန့်ကျင်ပြီး ၂၄ နာရီတောင် မပြည့်ခင်မှာပဲ OpenAI က သူတို့ထုတ်ကုန်တွေမှာ ကလေးတွေအတွက် အန္တရာယ်အရှိဆုံး ဖြစ်စေမဲ့ ဝန်ဆောင်မှုတွေ ပေးတော့မယ်လို့ ကြေညာလိုက်တယ်" လို့ သူက ပြောကြားခဲ့ပါတယ်။

မူဝါဒအပြောင်းအလဲတွေက အဆင့်နှစ်ဆင့်နဲ့ လုပ်ဆောင်သွားမယ်လို့ သိရတာပါ။ ရက်ပိုင်းအတွင်းမှာတင် OpenAI ဟာ သုံးစွဲသူတွေ စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့၊ ပိုပြီး လူသားဆန်တဲ့ စကားပြောပုံစံ၊ emoji တွေ ပါဝင်တဲ့ ChatGPT ဗားရှင်းကို ထုတ်ပေးဖို့ စီစဉ်ထားပါတယ်။ ဒီဇင်ဘာလမှာတော့ Altman က OpenAI ရဲ့ မူဝါဒဖြစ်တဲ့ "လူကြီးသုံးစွဲသူတွေကို လူကြီးလို သဘောထားဖို့၊ လူသားဆန်ဖို့" ဆိုတဲ့ မူနဲ့အညီ အသက်အတည်ပြုပြီးသား အသုံးပြုသူတွေအတွက် အရင်က တားမြစ်ထားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ စကားပြောဆိုမှုတွေပါ အကန့်အသတ်မဲ့ ‌ပြောခွင့်ရတော့မှာ ဖြစ်ပါတယ်။

ဒီလိုပြောင်းလဲလိုက်တာဟာ Elon Musk ရဲ့ Grok platform ကနေ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေပါဝင်တဲ့ AI companions တွေကို မိတ်ဆက်ထားတဲ့ xAI လို ပြိုင်ဘက်တွေနဲ့ ပိုပြီး တိုက်ရိုက်ယှဉ်ပြိုင်နိုင်မယ့် အနေအထားကို OpenAI ကို ရောက်စေခဲ့ပါတယ်။ ဒါပေမဲ့ OpenAI ကတော့ အရွယ်မရောက်သေးသူတွေကို ကာကွယ်ဖို့အတွက် အသက် စိစစ်မှုနဲ့ လုံခြုံရေးအစီအမံတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်သွားမယ်လို့ အလေးအနက် ပြောထားပါတယ်။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/chatgpt-to-allow-adult-content-XVkNK1r.TUKzvEZNdBJ5FA

ဆက်စပ်ဖတ်ရှုဖို့

OpenAI က Job Platform ကို စတော့မယ်
OpenAI plans to launch an AI-powered hiring platform and AI certification program by mid-2026, aiming to challenge LinkedIn.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia 

Share this article
The link has been copied!