ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်အပြီးမှာ ရုတ်တရက် ဈေးနှုန်းထောင်တက်လာတဲ့ နာမည်ကြီး ဒစ်ဂျစ်တယ်ငွေကြေး Bitcoin ဟာ ဒီနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာပဲ ဒေါ်လာတစ်သိန်းကို ကျော်လွန်သွားပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကအထိ ဒေါ်လာ ၆ သောင်းဝန်းကျင်မှာ ရှိနေခဲ့တဲ့ Bitcoin က ထရမ့်အနိုင်ရအပြီး နိုဝင်ဘာ ဒုတိယအပတ်ထဲမှာ ဒေါ်လာကိုးသောင်းကျော်ထိ ခုန်တက်သွားခဲ့တာပါ။
အဲဒီကနေ လက်ရှိ ဒီဇင်ဘာလ ၅ ရက်နေ့အထိ စံချိန်တင်တန်ဖိုးက ဒေါ်လာတစ်သိန်းနဲ့ အထက်မှာ ရှိနေပါပြီ။
အမေရိကန်ဟာ Crypto မှာ နံပါတ်တစ်ဖြစ်စေရမယ်လို့ ကြွေးကြော်ဖူးသူ ထရမ့်နဲ့ ထရမ့်ဦးဆောင်တဲ့ အစိုးရဟာ ခရစ်ပ်တိုငွေကြေးတွေနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးကို ဦးစားပေးထောက်ခံသူတွေ ဖြစ်ကြတာနဲ့အညီ သမ္မတဖြစ်လာတာနဲ့ တပြိုင်နက် မူဝါဒပိုင်းအပြောင်းအလဲတွေ ဆောင်ရွက်လာနိုင်ပါတယ်။ ခရစ်ပ်တိုလုပ်ကိုင်သူတွေကတော့ ဒီမူပြောင်းလဲမှုတွေဟာ သူတို့အတွက် ရွှေခေတ်ဖြစ်လာနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အပြိုင်အဆိုင်လုပ်လာကြတာပါ။
Bitcoin က ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် ၂၀၀၈ ခုနှစ်ကတည်းက ရှိနေခဲ့တာ ဖြစ်ပြီး ဘယ်သူဖန်တီးခဲ့လဲဆိုတာတော့ ရေရေရာရာမသိရပါဘူး။ တန်ဖိုး အတက်အကျကြီးမားပြီး ခန့်မှန်းရခဲယဉ်းတဲ့ ဂုဏ်သတ္တိကြောင့် လူသိများရာကနေ Bitcoin တစ်ခုကို ဒေါ်လာတစ်သိန်းတန်ကြေးရှိလာတာပါ။
ကျွမ်းကျင်သူတွေကတော့ ဒါက 'ဈေးတက်တယ်ဆိုတာထက် ပိုတယ်' လို့ မှတ်ချက်ပြုကြပါတယ်။
၂၁ ရာစုရဲ့ စီးပွားရေးလောကမှာ ဒစ်ဂျစ်တယ်ငွေကြေးတွေရဲ့ အခန်းကဏ္ဍက အင်မတန်အရေးပါလာတဲ့ လက္ခဏာလို့ သူတို့က ပြောတာပါ။ ငွေကြေးလို့ပြောပေမဲ့ Bitcoin ကို နေ့စဉ်အရောင်းအဝယ်တွေမှာ သုံးနိုင်စွမ်း မရှိသေးပေမဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူအတော်များများကတော့ Bitcoin ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေပါပြီ။
Reference: Reporter, G. S. (2024, December 5). Bitcoin price tops $100,000 for first time as Trump win fuels crypto fever. The Guardian. https://www.theguardian.com/technology/2024/dec/04/bitcoin-share-price-100-thousand
ဆက်စပ်သတင်းတွေ . . .
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia