
Apple ကုမ္ပဏီဟာ ၂၀၂၅ ခုနှစ် Worldwide Developers Conference (WWDC) မှာ iOS, iPadOS, macOS, watchOS, visionOS တို့အပါအဝင် အဓိက operating systems တွေအတွက် အကြီးဆုံး ဒီဇိုင်းပိုင်းပြောင်းလဲမှုနဲ့ နည်းပညာအသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ ဒီနှစ်ကတော့ ‘Liquid Glass’ လို့ နာမည်ပေးထားတဲ့ User Interface ဒီဇိုင်းသစ်ကို ပွဲထုတ်သွားပြီး Apple Intelligence ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့လဲ တင်ဆက်သွားတာပါ။
Liquid Glass – Apple ရဲ့ အကြီးဆုံး ဒီဇိုင်းပြောင်းလဲမှု
Liquid Glass ဆိုတာ iOS 7 နောက်ပိုင်း Apple ရဲ့ အကြီးဆုံး ဒီဇိုင်းပြောင်းလဲမှုဖြစ်ပြီး၊ iPhone, iPad, Mac, Apple Watch, Apple Vision Pro တို့ရဲ့ နောက်ဆုံး update မှာ စအသက်ဝင်သွားမဲ့ UI ဖြစ်ပါတယ်။ ဒီ ဒီဇိုင်းမှာ OS တွေရဲ့ Interface (မျက်နှာပြင်) က Icon တွေဟာ မှန်သားဆန်ဆန် ကြည်လင်ဖောက်မြင်နိုင်စွမ်းရှိလာတဲ့အပြင် နောက်ခံပေါ် မူတည်ပြီး လိုသလို ပုံစံတွေ၊ အလင်းရောင်တွေနဲ့ အပြင်အဆင်ပိုင်းတွေ ချိန်ညှိနိုင်စွမ်း ရှိတာပါ။ ဒါ့အပြင် သေသပ်တဲ့ translucent effect, real-time rendering နဲ့ hardware နည်းပညာတွေပေါ် အခြေခံလို့ အလင်းအမှောင်၊ အရောင်/အရိပ်တွေကို သဘာဝကျကျ ပြောင်းဖော်ပြနိုင်ပါတယ်။ App Icon တွေကလဲ မတူညီတဲ့ effect တွေ အသီးသီး ပိုင်ဆိုင်ထားသလို Light, Dark, Clear . . . စတဲ့ mode တွေ အများကြီး ပါလာတာပါ။
iOS 26, macOS Tahoe နဲ့ OS အသစ်တွေမှာ ဘာပြောင်းလဲ . .. ?
- iOS, iPadOS, watchOS, visionOS, tvOS တို့ကို “26” ဆိုတဲ့ ဂဏန်းနဲ့ စလို့ နှစ်အလိုက် အမည်ပေးသွားပြီး၊ MacOS ကိုတော့ “Tahoe” လို့ နာမည်မှည့်ထားပါတယ်။ OS version တွေကို ပိုလွယ်လွယ် မှတ်မိနိုင်အောင် ပြောင်းလဲလိုက်တာမျိုးပါ။
- iOS 26 – Phone app အသစ်မှာ contact, call history, voicemail တွေကို တစ်နေရာတည်းမှာ scroll လုပ်နိုင်သလို Messages မှာလည်း custom backgrounds, group polls, Apple Cash နဲ့ ငွေလွှဲတာ၊ typing indicator . . . စတဲ့ feature အသစ်တွေ ထည့်သွင်းထားပါတယ်။
- macOS Tahoe – Mac တွေအတွက် Liquid Glass ဒီဇိုင်း၊ Game Overlay, Metal 4 graphics framework နဲ့ gaming performance တိုးတက်လာပါတယ်။
- iPadOS 26 – Windowing system အသစ်နဲ့ app တွေကို Mac လိုပဲ resize, move, minimize, maximize လုပ်နိုင်ပြီး menu bar အသစ်နဲ့ touch-first experience ကို Mac နဲ့နီးစပ်အောင် ဖန်တီးထားပါပြီ။
Apple Intelligence နဲ့ AI အင်္ဂါရပ်အသစ်များ
- Live Translation – Messages, FaceTime, Phone app တွေမှာ တိုက်ရိုက် စကားပြော, စာသားကို ဘာသာပြန်နိုင်တဲ့ AI-powered feature အသစ်ပါဝင်လာပါတယ်။ ဒီ translation တွေဟာ device ထဲမှာပဲ လုပ်ဆောင်တာမို့ သုံးစွဲသူ privacy ကို အပြည့်အဝ အကာအကွယ်ပေးနိုင်တာမျိုးပါ။
- Visual Intelligence – Screenshot ထဲက အချက်အလက်တွေကို calendar, notes, reminders စသဖြင့် အလိုအလျောက် သတ်မှတ်ခွဲခြမ်းပေးနိုင်ပါတယ်။
Gaming, Music, Wallet နဲ့ အခြားအင်္ဂါရပ်အသစ်များ
- Apple Games app – Game Center, Arcade, App Store games တွေကို တစ်နေရာတည်း စုစည်းထားတဲ့ app အသစ်ဖြစ်ပြီး Play Together tab, Challenge, Game Overlay စတဲ့ social gaming features တွေ ပါဝင်လာပါတယ်။
- Apple Music – သီချင်းစာသားတွေ ဘာသာပြန်တာ၊ အသံထွက်ပြောပြပေးတာလို feature အသစ်တွေနဲ့ Apple Music ကို ပိုအသုံးဝင်အောင် ပြုပြင်ထားပါတယ်။
- Wallet – Apple Pay နဲ့ installment payment, package tracking စတဲ့ feature အသစ်တွေ ထည့်ထားပါတယ်။
Apple Watch, AirPods နဲ့ CarPlay
- Workout Buddy – Apple Watch မှာ AI နည်းပညာအသစ်နဲ့ ကိုယ်ပိုင် fitness assistant တစ်ဦးလို ရှိလာပြီး workout တွေကို အကြံပြုတာ၊ ပြင်ဆင်တာမျိုး ဆောင်ရွက်နိုင်ပါတယ်။
- CarPlay – Widget interface အသစ်နဲ့ navigation, call, music စတာတွေကို ပိုလွယ်လွယ် သုံးနိုင်ပါတယ်။
ဒီနှစ် WWDC မှာ Apple ဟာ AI နဲ့ ဒီဇိုင်းပိုင်းထဲ ပြောင်းလဲမှုတွေ ဆောင်ရွက်သွားပေမဲ့ တခြားထွေထွေထူးထူး မှတ်သားလောက်စရာ၊ ဒါမှမဟုတ် ကြီးမားတာမျိုး မရှိခဲ့တာတော့ အမှန်ပါပဲ။ ဒီနှစ်ရဲ့ အကြီးဆုံးပြောင်းလဲမှုက အပေါ်မှာ ဖော်ပြခဲ့တဲ့ Liquid Glas feature ဖြစ်ပြီး ဒါနဲ့ ပတ်သက်လို့ အသုံးပြုသူတွေ ကြားထဲ အမြင်အမျိုးမျိုး ကွဲလွဲနေတာကိုလဲ လေ့လာရပါတယ်။ AI ပိုင်းနဲ့ ပတ်သက်လို့လဲ ထွေထူးပြောင်းလဲသွားတာမျိုး မတွေ့ရပါဘူး။
Reference: Apple unveils its future at WWDC 2025 — here’s everything you need to know. (n.d.). Perplexity AI. https://www.perplexity.ai/discover/top/apple-unveils-its-future-at-ww-MWlGrExyTFetJKbhTV.1Kg
ဆက်လက်ဖတ်ရှုဖို့


Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia