ဥရောပရေပိုင်နက်တစ်လျှောက် အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းတွေ တိုက်ခိုက်ခံရပါက အင်တာနက် လည်ပတ်မှုကို ထိန်းသိမ်းဖို့ နည်းလမ်းသစ်ကို NATO အဖွဲ့ကတီထွင်ဖန်တီးပြီး မိတ်ဆက်တော့မှာကို Perplexity AI သတင်းမှာဖော်ပြထားပါတယ်။
ဒီနည်းလမ်းကို NATO အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ အိုက်စလန်၊ ဆွီဒင်နဲ့ ဆွစ်ဇာလန်တို့မှ ပညာရှင်တွေကပူးပေါင်း ပါဝင်ပြီး သုတေသီတွေက အင်တာနက် လမ်းကြောင်းကို ရေအောက်ကေဘယ်ကြိုးတွေကနေတစ်ဆင့် ဂြိုလ်တုစနစ်တွေဘက်ကိုလွယ်ကူ ချောမွေ့စွာ ကူးပြောင်းနိုင်မယ့် နည်းလမ်းသစ်ကို တီထွင်ခဲ့ကြတာဖြစ်ပါတယ်။
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Project HEIST လို့အမည်ပေးထားတဲ့ ရေအောက်ကေဘယ်ကြိုးတွေကနေတစ်ဆင့် အင်တာနက်လမ်းကြောင်းတွေ ဂြိုဟ်တုပတ်လမ်းတွေဆီ ရောက်ရှိစေဖို့အတွက် အရန်စနစ်တစ်ခု အဖြစ် ရည်ရွယ်ပြီးတီထွင်ထားတာဖြစ်ပါတယ်။
ဒီပရောဂျက်မှာ NATO အဖွဲ့ဝင်နိုင်ငံတွေက ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂.၅ သန်းထည့်ဝင်ထားပြီး အမေရိကန်ဂြိုလ်တုကုမ္ပဏီ Viasat၊ အာကာသနည်းပညာကုမ္ပဏီ Sierra Space နဲ့ Icelandic ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Syndis တို့ ကလည်း ထပ်မံရန်ပုံငွေ ထည့်ဝင်မှာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ နိုင်ငံရေးတင်းမာမှုတွေအပြင် ရေအောက်အခြေခံအဆောက်အအုံကဏ္ဍတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ကြောင့် အခုလို အင်တာနက် လည်ပတ်မှုကို ထိန်းသိမ်းဖို့ နည်းလမ်းသစ်ကို တီထွင်ခဲ့ရတာဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုလိုလျှင်
https://www.perplexity.ai/page/nato-s-backup-for-undersea-int-6eQ7zDaqTeOuTDqtsB.doQ#:~:text=Strategic%20Importance-,NATO%27s%20Backup%20for%20Undersea%20Internet,-Curated%20by
Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar
📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
📌LinkedIn https://www.linkedin.com/showcase/build-myanmar/
📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx
📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
Inquiry - support@buildmyanmar.com
#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia