ဆီလီကွန်တောင်ကြားကိုပါ လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ အေအိုင်မော်ဒယ်တစ်ခုကို မိတ်ဆက်ပြီး တစ်နှစ်အကြာမှာ တရုတ်ဉာဏ်ရည်တုကုမ္ပဏီ DeepSeek က ဝူကျင်းမှာ ကျင်းပတဲ့ ကမ္ဘာ့အင်တာနက်ညီလာခံမှာ ပထမဆုံးအကြိမ်အဖြစ် လူရှေ့ထွက်လာခဲ့ပါတယ်။ ထွက်လာချိန်မှာလဲ လူ့အဖွဲ့အစည်းပေါ် AI ရဲ့ အကျိုးသက်ရောက်မှုကို ထင်ဟပ်စေမဲ့ သတိပေးချက်တစ်ခုကို ထုတ်ပြောသွားတာပါ။
အဲဒါက "နှစ် ၂၀ အတွင်းမှာ လူ့အလုပ်တွေအကုန်နီးပါးကို အေအိုင်က အစားထိုးသွားနိုင်ခြေ ရှိတယ်ဆိုတာပါပဲ . . ."။
ဟန်ကျိုးအခြေစိုက် DeepSeek ရဲ့ အကြီးတန်းသုတေသီ Chen Deli ဟာ တရုတ်နိုင်ငံရဲ့ AI နဂါးငယ်ခြောက်ကောင်လို့ တင်စားပြောကြတဲ့ Unitree၊ BrainCo၊ Deep Robotics၊ Game Science နဲ့ Manycore Tech . . . စတဲ့ တခြားကုမ္ပဏီကြီး ၅ ခုရဲ့ အကြီးအကဲတွေနဲ့အတူ စင်ပေါ်မှာ ရုပ်လုံးပြခဲ့ချိန် ဒီစကားကိုပြောတာပါ။
"ကျွန်တော် နည်းပညာအပေါ်မှာတော့ အကောင်းမြင်စိတ် အပြည့်အဝရှိပေမဲ့ လူ့အဖွဲ့အစည်းပေါ် ဖြစ်လာနိုင်တဲ့ သက်ရောက်မှုကိုတော့ အဆိုးမြင်ပါတယ်" လို့ Chen က ပြောပါတယ်။ သူက AI ဟာ ၁၀ နှစ်ကနေ နှစ် ၂၀ အတွင်း လူတွေရဲ့ အလုပ်အများစုကို လွှဲယူသွားနိုင်ပြီး လူ့အဖွဲ့အစည်းအတွက် "ကြီးမားတဲ့ စိန်ခေါ်မှုတွေ" ဖန်တီးနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ AI စနစ်တွေဟာ လူတွေလုပ်နေကျ အလုပ်တွေကို လုပ်ဆောင်နိုင်လာတာကြောင့် အလုပ်အကိုင်တွေ အများအပြား ပျောက်ဆုံးနိုင်တဲ့ အန္တရာယ်ကို သိရှိထားပြီး နည်းပညာကုမ္ပဏီတွေဟာ ဒီအကူးအပြောင်းကာလမှာ "ကာကွယ်ပေးသူ" အဖြစ် ဆောင်ရွက်ရမယ် လို့ သူက တိုက်တွန်းခဲ့ပါတယ်။
DeepSeek ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ သူတို့ရဲ့ R1 model ကို ထုတ်ပြန်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ အေအိုင်ဈေးကွက်ထဲ ဒိုင်ဗင်ပစ် ဝင်ရောက်လာခဲ့တာပါ။ ဒီ AI စနစ်ဟာ ကုန်ကျစရိတ် နည်းပါးပေမဲ့ အမေရိကန်က OpenAI နဲ့ Meta တို့ရဲ့ ဦးဆောင် model တွေနဲ့ စွမ်းရည်ချင်း တူညီခဲ့ပြီး တီထွင်ဖန်တီးဖို့ ကုန်ကျစရိတ်ကလည်း ပြိုင်ဘက်တွေနဲ့ ယှဉ်လိုက်ရင် အတော်နည်းတဲ့ ပမာဏ — ဒေါ်လာ ၅.၆ သန်း ပဲ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီအောင်မြင်မှုက Wall Street ရဲ့ အေအိုင်ဈေးကွက်စီးပွားရေးနယ်ပယ်ကို တုန်လှုပ်သွားစေခဲ့ပြီး Nvidia ရဲ့ ရှယ်ယာစျေးတွေပါ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။
လေ့လာ၊ ချိတ်ဆက်၊ တိုးတက် - TalentOS
ဘယ်လောက်ပဲ ကြိုးစားနေနေ အခွင့်အရေးတွေ ရှားပါးလာတယ်လို့ လူငယ်အများစု ခံစားနေကြရမှာပါ။
ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ TalentOS ရောက်ရှိလာပါပြီ။
TalentOS ဆိုတာ ဒေါ်လာနဲ့ရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်ပြီး CV form တွေ၊ Resume တွေ မလိုအပ်ပါဘူး။ TalentOS မှာရှိတဲ့ Mission တွေထဲက ကိုယ်ကြိုက်တာကို ရွေးလုပ်၊ ပြီးသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ Result ကို ပြန်တင်လိုက်ရုံနဲ့ သင့် Profile မှာ လက်တွေ့လုပ်ပြထားတဲ့ သက်သေအဖြစ် မှတ်တမ်းဝင်နေမှာပါ။
ဒီ Profile ကို TalentOS ပေါ်က လုပ်ငန်းရှင်တွေ၊ Employer တွေကလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေက Bounty လို့ခေါ်တဲ့ ဒေါ်လာနဲ့ရမယ့် အလုပ်တွေကိုလည်း ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို လက်တွေ့ချပြနိုင်တယ်။ နိုင်ရင် ဆုကြေးရမယ်။ ရိုးရှင်းပါတယ်။
TalentOS နဲ့အတူ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ဖို့ အခုပဲ Play Store/ App Store မှာ Download ရယူလိုက်ပါ။
DeepSeek ကို ကိုယ်စားပြုသူတွေဟာ လူသိရှင်ကြားဖြစ်အောင် ပေါ်ပေါ်ထင်ထင်နေတာမျိုး မရှိပါဘူး။ ဖေဖော်ဝါရီလမှာ တည်ထောင်သူနဲ့ CEO Liang Wenfeng ဟာ တရုတ်သမ္မတ Xi Jinping နဲ့ ရုပ်သံမှာ ပြသတဲ့ စီးပွားရေးဆွေးနွေးပွဲတစ်ခုထဲ တွေ့ဆုံခဲ့တာပြီးရင် ဒီတစ်ကြိမ်ဟာ ပထမဆုံးအဖြစ် လူထုရှေ့ကို ထွက်လာတာပါ။ တရုတ်အစိုးရက DeepSeek ကို နိုင်ငံရဲ့ နည်းပညာစွမ်းရည်နဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ခံနိုင်ရည်ရှိခြင်းရဲ့ သင်္ကေတအဖြစ် သတ်မှတ်ခဲ့ပေမဲ့ ကုမ္ပဏီကတော့ တစ်နှစ်ပတ်လုံး တရုတ်ရဲ့ အဓိက နည်းပညာညီလာခံတွေကို ရှောင်ရှားခဲ့ပါတယ်။
DeepSeek ဟာ ဇန်နဝါရီလကစပြီး နောက်ထပ် model အသစ်ကြီးတစ်ခုကို ဆက်မထုတ်ပေမဲ့ မဟာဗျူဟာမြောက် ကြေညာချက်တွေတော့ ဆက်တိုက်လုပ်ခဲ့ပါတယ်။ စက်တင်ဘာလမှာ တရုတ်ထုတ် chip တွေအတွက် ပိုကောင်းအောင် လုပ်ထားတဲ့ V3 model ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ model မှာ လေ့ကျင့်မှု စွမ်းဆောင်ရည် ပိုကောင်းလာတာနဲ့ စာကြောင်းရှည်တွေကို ပိုပြီး ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ စွမ်းရည်တွေ ပါဝင်လာပါတယ်။ ဒီကြေညာချက်ကြောင့် တရုတ်ပြည်တွင်း chip ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာစျေးတွေပါ မြင့်တက်သွားခဲ့ပါတယ်။
ခုလောလောဆယ်တော့ DeepSeek ဟာ တရုတ်ရဲ့ ပြည်တွင်း AI စနစ်တစ်ခု တည်ဆောက်ရေး ကြိုးပမ်းမှုပြိုင်ပွဲမှာ အဓိက ကစားသမားတစ်ဦး ဖြစ်နေပါပြီ။ Cambricon နဲ့ Huawei အပါအဝင် တရုတ် chip ထုတ်လုပ်သူတွေက DeepSeek ရဲ့ model တွေနဲ့ တွဲဖက်သုံးနိုင်တဲ့ hardware တွေကို ထုတ်လုပ်ခဲ့ကြပြီး၊ ကုမ္ပဏီရဲ့ နောက်ဆုံးထွက် V3.2 model ကို မိတ်ဆက်တဲ့နေ့မှာပဲ Huawei ရဲ့ Ascend chip တွေနဲ့ CANN software stack အတွက် အသင့်တော်ဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလို ပူးပေါင်းလုပ်ဆောင်မှုဟာ ပေကျင်းက အစိုးရရန်ပုံငွေ ထောက်ပံ့ထားတဲ့ data center တွေမှာ ပြည်တွင်းထုတ် AI chip တွေကိုသာ သီးသန့် အသုံးပြုရမယ်လို့ ညွှန်ကြားထားချိန်မှာ ဖြစ်ပေါ်လာတာပါ။
Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/deepseek-researcher-makes-firs-FenO03d.QWuOR1ojCUQScw
ဆက်စပ်ဖတ်ရှုဖို့
Build Myanmar - MediaMin Z
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia