မားစ်၊ လနဲ့ ပလူတို အမည်ရတဲ့ ခွေးတွေဟာ အေအိုင်နဲ့ တွဲဘက်အလုပ်လုပ်ရင်း ကင်ဆာဝေဒနာသည်တွေရဲ့ ရှူသွင်း/ရှူထုတ်လေက တစ်ဆင့် ကင်ဆာရောဂါကို အနံ့ခံနိုင်ခဲ့တယ်လို့ သိရပါတယ်။
Scientific Report မှာ တင်ထားတဲ့ သုတေသနဖော်ပြချက်အရ အေအိုင်နဲ့ ခွေး ပေါင်းစပ်ထားတဲ့ ဒီနည်းစနစ်က အင်မတန်တိကျပြီး ကင်ဆာအမျိုးအစားလေးခုကို ၉၄ ရာခိုင်နှုန်းကျော်ထိ မှန်ကန်အောင် ထောက်လှမ်းနိုင်ခဲ့တာပါ။ SpotitEarly လို့ ခေါ်တဲ့ အစ္စရေးအခြေစိုက်သိပ္ပံနဲ့ နည်းပညာကုမ္ပဏီက စ,စမ်းသပ်နေတဲ့ ဒီနည်းစနစ်က အစောပိုင်းအဆင့်မှာပဲ ရှိသေးတဲ့ ကင်ဆာရောဂါတွေကို ထောက်လှမ်းနိုင်သလို ရင့်မာနေတဲ့ ကင်ဆာအဆင့်တွေကိုလဲ ထပ်တူခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။
ဒီစမ်းသပ်ချက်အတွက် Labrador retrievers ခွေးအမျိုးအစားတွေကို အနံ့နမူနာခံခိုင်းပြီး ရင်သားကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အူမကြီးကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာ . . . လေးမျိုးထဲက တစ်မျိုးမျိုးရှိတာကို ခန့်မှန်းမိတာနဲ့ ထိုင်ချဖို့ လေ့ကျင့်ပေးထားတယ် ဆိုပါတယ်။
ဘယ်လိုကင်ဆာအမျိုးအစားလဲဆိုတာကို ခွဲခြားနိုင်ဖို့တော့ အေအိုင်ရဲ့ အကူအညီကို ယူထားရတာပါ။ လူတွေအနေနဲ့ ခွေးတွေရဲ့ ခန္ဓာကိုယ်လှုပ်ရှားပုံ၊ ပြုမူပုံတွေကို နားလည်နိုင်ဖို့ ခဲယဉ်းတာကြောင့် Machine Learning နဲ့ ခွေးတွေဘက်က ဖော်ပြတဲ့ လက္ခဏာတွေကို AI က နားလည်နိုင်ဖို့ လေ့ကျင့်ပေးထားတယ် ဆိုပါတယ်။
အဲဒီနောက် ခွေးနဲ့ အေအိုင် ပေါင်းစပ်ထားတဲ့ နည်းပညာကို သုံးပြီး ကင်ဆာအမျိုးအစား လေးမျိုးထဲက တစ်ခုရှိနေနိုင်တဲ့ လူနာပေါင်း ၁၄၀၀ ကျော်ကို အနံ့စမ်းခံခိုင်းခဲ့တာပါ။
ရလဒ်အနေနဲ့ ဆေးစစ်ချက်မှာ နဂိုကတည်းက ကင်ဆာရှိနေသူ ၂၆၁ ထဲက ၂၄၅ ယောက်ကို ခွေးလေးတွေက ကင်ဆာရှိကြောင်း ထောက်လှမ်းနိုင်ခဲ့ပါတယ်။ လူပေါင်း ၁၀၄၈ ယောက်ထဲက ၆၀ ကျော်ကိုတော့ ကင်ဆာအမှန်တကယ်မရှိဘဲ မှားယွင်းထောက်လှမ်းမိခဲ့တယ်လို့ ဆိုထားတာပါ။
အခုတော့ SpotitEarly ကုမ္ပဏီဟာ ဒီ့ထက်ပိုကြီးမားတဲ့ ဆေးဘက်ဆိုင်ရာစမ်းသပ်ချက်တွေကို အမေရိကန်ပြည်ထောင်စုမှာ သွားရောက်ဆောင်ရွက်ဖို့ ရှိပြီး ၂၀၂၆ မတိုင်ခင် ရလဒ်တွေ သိရနိုင်ပါတယ်။
Reference: Rosen, M. (2024, December 23). Dogs team up with AI to sniff out cancer. Science News. https://www.sciencenews.org/article/dogs-cancer-artificial-intelligence-ai
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia