TikTok ပိတ်ပင်ခံရဖို့ ရက်ပိုင်းအလိုမှာတင် ByteDance ကနေ Lemon8 အမည်ရ TikTok နဲ့ ခပ်ဆင်ဆင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ရပ်ကို စ,မိတ်ဆက်လိုက်ပါတယ်။ အခုတော့ အဲဒီ Lemon8 အက်ပလီကေးရှင်းက Apple App Store ပေါ်မှာ ထိပ်ဆုံးရောက်နေပါပြီ။
ဒီ Lemon8 App မှာဆိုရင် ဓာတ်ပုံကို Instagram လို တစ်ပုံတည်း၊ ဒါမှမဟုတ် အတွဲလိုက် တင်လို့ ရသလို TikTok လို ဗီဒီယိုအတိုတွေ တင်/ကြည့်လို့ ရပါတယ်။ ဒါ့အပြင် Pinterest လိုလဲ မတူညီတဲ့ ကွန်းတန့်အမျိုးအစားတွေကို တစ်ပြိုင်တည်း ကြိုက်ရာကြည့်လို့ရတဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ပါဝင်တာပါ။
အလာဘားမားတက္ကသိုလ်က မီဒီယာနည်းပညာ ပါမောက္ခ မက်ဒေါက်စ်ကတော့ "အဲဒီ App သုံးခုပေါင်းသာ ကလေးမွေးရင် အဲဒီကလေးက Lemon8 ပဲလို့" အရွှန်းဖောက် မှတ်ချက်ပြုထားပါတယ်။
ဒီ Application ကို TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ကပဲ ထုတ်လုပ်ထားတယ်လို့ ယူဆရပြီး ByteDance ရဲ့ လုပ်ငန်းအခွဲဘက်က ထုတ်ရင်တောင် US ရဲ့ ဥပဒေအောက်မှာ ထပ်ပိတ်ပင်ခံရနိုင်တယ်လို့ ယူဆကြတာပါ။
TikTok ပေါ်မှာတော့ Lemon8 App ကို ဒေါင်းလော့ဒ်လုပ်ဖို့ တိုက်တွန်းချက်တွေ ပုံစံမျိုးစုံနဲ့ ပေးပို့နေပြီး အသုံးပြုသူတွေ မရရအောင် ဆွဲခေါ်နေတယ်လို့ သိရပါတယ်။ လက်ရှိ ဇန်နဝါရီလ အချက်အလက်အရတော့ Lemon8 App ကို အသုံးပြုသူ စုစုပေါင်း ၁၂ သန်းကျော် ရှိနေပြီ ဖြစ်ပြီး နေ့စဉ်ပုံမှန်အသုံးပြုသူ ၁ သန်းဝန်းကျင် ရှိတယ် ဆိုပါတယ်။
Lemon8 နဲ့ TikTok ကို အကောင့်ချင်း ချိတ်ဆက်ထားနိုင်ပြီး အသုံးပြုသူတွေဟာ TikTok အကောင့်ရှိရုံနဲ့ Lemon8 အကောင့်ကို ဝင်လို့ ရသလို TikTok ပေါ်မှာ follow လုပ်ခဲ့သူတွေကိုလဲ အလွယ်တကူ ပြန် follow နိုင်အောင် ဆောင်ရွက်ထားပါတယ်။
ဒါပေမဲ့ ဥပဒေကျွမ်းကျင်ပညာရှင်တွေရဲ့ ပြောကြားချက်အရ Lemon8 က TikTok ဒါမှမဟုတ် Bytedance နဲ့ ဆက်နွယ်နေတဲ့အကြောင်း သက်သေပြနိုင်တာနဲ့ တူညီတဲ့ဥပဒေအောက်မှာပဲ TikTok လို ထပ်ပိတ်ပင်ခံရနိုင်ပါတယ်။
Reference: With TikTok facing ban, young people flock to other apps. (2025, January 15). [Video]. NBC News. https://www.nbcnews.com/tech/social-media/tiktok-pushes-users-sister-app-lemon8-ahead-potential-ban-rcna187417
ဆက်စပ်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia